“စိတ်ရဲ့အလေ့အထ”

284879_258923127543956_1640986975_n စိတ်ခံစားမှုတွေနဲ့ လူ့ရဲ့ ဥာဏ်ရည် ဥာဏ်သွေးကို ပိုထက်မြက်အောင် လေ့ကျင့်လို့ ရသလို၊ အဲဒီ စိတ်ခံစားမှုတွေ အောက်မှာ ဝပ် စင်းလိုက်ရတဲ့ ကျေးကျွန်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်လို ခံစားမလဲ၊ ခံစားချက်တွေကို ဘယ်လိုတုန့်ပြန်ရင် အကောင်းဆုံးလဲ ဆိုတာတွေ က ဘဝမှာ သိပ်အရေးပါတာပေါ့။ လူ့အဖွဲ့အစည်းထဲမှာ နေသည်ဖြစ်စေ၊ တစ်ယောက်တည်း နေသည်ဖြစ်စေ၊ ကိုယ့်စိတ်ခံစားမှု အားလုံးကို အကင်းပါးစွာ စီမံနိုင်ဖို့ ခံစားချက်တွေရဲ့ အတိုင်း အဆကို သိပေးပါ။Read More

“လရဲ့တိမ်”

228923_266358523467083_1182067507_n မင်းနဲ့ငါ ဆုံတော့ဆုံတာပဲ ဒီစကြာဝဠာထဲမှာ လှပစွာဆုံစည်းဖို့ မလွယ်လည်း မလှပတဲ့ တိတ်တခိုး အချစ်တွေနဲ့ မင်းငဲ့ကြည့်လည်း ငါမျှော်ငေးနေမှာမဟုတ် မင်းသံသယ၀င်လည်း ငါအထင်ခံမှာမဟုတ် မင်းအဖက်မလုပ်လည်း ငါဂရုစိုက်မှာမဟုတ် တိမ်ဟာ လအနားမှာလို့ထင်ရပေမယ့် တကယ်တော့ အဝေးကြီးပါပဲ မင်းသာတိမ်ဆိုရင် ငါတိမ်စင်လ မဖြစ်ချင်တော့ပါ…….Read More

“မရိုးသားခြင်း = ဆုံးရှုံးခြင်း”

g လူတိုင်းဟာ အဖွဲ့အစည်း သို့မဟုတ် မိသားစု တစ်ခုရဲ့ ဦးဆောင်နေသူ သို့မဟုတ် နောက်က ပံ့ပိုး လုပ်ဆောင်နေရသူ အဖြစ် ရှိနေကြပါတယ်။ ဘယ်နေရာမှာပဲ လုပ်ဆောင်နေ ရပါစေ။ ရိုးသားမှုနဲ့ စိတ်ဓာတ် အဆင့် အတန်း မြင့်မားမှုကို ပျိုးထောင် လေ့ကျင့်ကြရမှာပါပဲ။Read More

“အောင်မြင်သူနဲ့ အောင်မြင်မှု”

400386_257100864392849_531156419_n

အောင်မြင်မှု ဆိုတာဟာ မျက်လှည့်လည်း မဟုတ်သလို၊ လျှို့ဝှက် ဆန်းကြယ်လည်း မဟုတ်ပါ။ လုပ်သင့်တဲ့ အခြေခံအချက်တွေ ကို သေသေ ချာချာ လုပ်ရင် အကျိုးဆက်ဖြစ်တဲ့ အောင်မြင်မှုက အနောက်က ကပ်လိုက် လာတာပါပဲ။ အလွဲ အမှားလေးတွေကြောင့် ဖြစ်တဲ့ ရှုံးနိမ့်မှုတွေဟာလည်း ကိုယ့်ကို ရင့်ကျက်မှု ပေးပါတယ်။ အဲဒီအလွဲတွေကို ပြန်ကြိုးစားလေ့ကျင့်ရင်၊ အောင်မြင်နေသူတွေကို ကိုယ့်ရဲ့ နည်းပြအဖြစ် ယူဆပြီး အားထည့် လုပ်ကိုင်ရင် ကိုယ့်ရဲ့မှတ်တိုင်တွေကို စိုက်ထူသွားရင်း အောင်မြင်သူ ဖြစ်လာမှာပါ။...

Read More

အာဆီယံ အလံတွေ အောက် အထီးကျန် လျှောက်လှမ်းနေခြင်း မဟုတ်တော့သည့် မြန်မာ

424914_283777711725164_1068119624_n ”မိုးထိအောင် အာဆီယံနိုင်ငံ အလံများကို လွှင့်ကြမယ်။ နှလုံးသားထဲ မှာ ဂုဏ်ယူစရာတွေ ထွေးပွေ့မယ်။ မျှော်လင့်ရဲ၊ မျှဝေရဲတဲ့ အာဆီယံရဲ့ လမ်းစဉ်အတိုင်း တို့ တစ်တွေ တစ်သားတည်း ဖြစ်ကြပြီ။ အာဆီယံရဲ့ လမ်းစဉ်အတိုင်း …” ဟု ကြားနေရသည့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားမှ ကမ္ဘောဒီးယား သီချင်းသံကို ကြားစဉ်က စိတ်အား တက်ကြွမှု တစ်မျိုးကို ခံစားခဲ့ရပါသည်။ Read More

“မနေ့က အဆင်မပြေမှုများ”

depressed-girl (1) မျက်ရည်တွေက ပါးပေါ်မရောက်ဘူး ဝမ်းမနည်းဘူး စေတနာမရှိလို့ နောင်တလည်း မရှိဘူး သံဝေဂ မဖြစ်လို့ ဆုံးဖြတ်စရာ မလိုဘူး ဒါနောက်ဆုံး မဟုတ်လည်း ဂရုစိုက်စရာမလိုဘူး အမှန်မြင်စရာမဟုတ်လို့ ဥာဏ်လည်း မလိုဘူး ကိုယ့်ကိုယ်ကိုယ် စိတ်မချလို့ သေလို့လည်း မဖြစ်သေးဘူး ဖြစ်ချင်တဲ့ဆန္ဒ ဘာမှမရှိလို့ ဟန်ဆိုတာလည်း ကိုယ့်ဖို့မလို မာန် ကသူ့ဖို့မဟုတ် ကိုယ့်ရဲ့မာန်တွေက ရေခဲပန်းပုစကားလုံးပေါ့ မာန်တွေအရည်ပျော်လို့ မျက်ရည်တွေအဖြစ်နဲ့လေ ဒါပေမဲ့ အဲဒီမျက်ရည်တွေက ပါးပေါ်မရောက်ဘူးRead More