သတိမပြုမိပေမယ့် သတိရှိရမယ့်အရာ

ခုလို မိုးတွင်းထဲမှာ လူတွေ ထီးကိုင်ပြီး သွားနေ တာမြင်ရင် မလေးရှား က စာနယ်ဇင်း ဆရာမ ပဒုမ္မာ (Ms.Padmaja Padman) ကို ပြန်သတိရမိစေတယ်။ သူ့ကို သတိ ရတာထက် သူပြောဖူးတဲ့ စကားတွေကို ကြားယောင်မိတာက ပိုမယ် ထင်တယ်။ ပန်းဆိုးတန်းမှာ ကား တဖြေးဖြေး ရွေ့နေတော့ လမ်းဘေး မြင်ကွင်းတွေကို ကြည့်ပြီး သူက ကျွန်မကို မှတ်ချက်ပြုခဲ့တာပါ။ ''ဟယ် ... အမျိုးသားတွေ က မိုးမရွာလည်း ထီးတွေ ဆောင်ကြတယ် ဟုတ်လား'' အံ့သြဘနန်း နဲ့ မေးလာတဲ့သူ့ကို ကျွန်မက လည်း တအံ့တသြနဲ့ ...........Read More

မိဘဖက်ရှင်

နှစ်ဆယ့်တစ် ရာစုကို ဝင်လာတဲ့ အချိန်မှာ မိဘတွေရဲ့ ဖက်ရှင်ဟာ သားသမီးကို နိုင်ငံခြားမှာ ပညာသင်ပေးနိုင်ရေး အတွက် အားထုတ် လာကြခြင်းပါပဲ။ လမ်းရွေးပေးတဲ့ မိဘတွေ၊ လမ်းဖောက်ပေးတဲ့ မိဘတွေ၊ လမ်းကြောင်းပေးတဲ့ မိဘတွေကြောင့် မြင်သာတဲ့ လမ်းကို သားသမီး (ကျောင်းသား)က လှမ်းသွားတာ ရှိသလို ကလေးတွေ ကိုယ်တိုင်က သူတို့သဘောကျ ရွေးချယ် ဆုံးဖြတ် လမ်းရွေးသွားကြတာ တွေလည်း ရှိနေကြပြီ။ လူငယ်တွေကလည်း ရွေးတတ်လာပြီဆိုတော့ ကျောင်းစရွေး ရင်ကိုပဲ ကလေးနဲ့ မိဘက စပြီး မတိုက်ဆိုင်ချင်တော့ဘူး။ စိုးရိမ်စိတ် ကဲတဲ့ မိဘတွေက လက်လှမ်းတမီ လိုက်လို့လွယ်တဲ့ အာရှနိုင်ငံလောက်ပဲ ပို့ချင်ပေမယ့်......Read More

အစွဲလွတ်သော စွန့်လွှတ်ခြင်းနှင့် မီဒီယာ သန္နိဋ္ဌာန်

NTD1 လက်ဝှေ့သမားများ လက်ဝှေ့ ထိုးခါနီးလျှင် ကန်တော့ ပန်းဆင်၊ လက်ပမ်းပေါက် ခတ်ကြသည်ကို မြင်ဖူးကြပါ လိမ့်မည်။ အထူးသဖြင့် ထိုင်းရိုးရာ လက်ဝှေ့များတွင် လက်အုပ် ချီလိုက်၊ လက်သီးထိုးလိုက် လုပ်သည်မှာ သိသာပါသည်။ ထိုင်း လက်ဝှေ့သမားများ ကဲ့သို့သော သူများမှာ ကျွန်ုပ်တို့ ဂျာနယ်လစ် များဟုဆိုက မှားအံ့မထင်။ ဂျာနယ်လောကမှ ဆရာတပည့်၊ လုပ်ဖော်ကိုင်ဖက် အပေါင်း တို့သည် တော်တည့်မှန်ကန်၍ ပေါက်သွားသော သတင်းများ ဦးအောင် ဖော်ပြနိုင်ခဲ့ပါသော်.........Read More

ပါရမီဖြည့်ဖက်များသို့

Ngwe-Thaw-Dar ပေါ်ပြူလာ နှစ်ပတ်လည် အတွက် ဆောင်းပါး ရေးပါဦးလို့ အယ်ဒီတာချုပ် အသစ် ဆရာကိုမျိုးက နိုင်ငံခြား ရောက်နေတဲ့ ကျွန်မဆီ ဖုန်းဆက်ပြောပါတယ်။ ကျွန်မ ရှိမနေ လည်း တက်ကြွစွာ လည်ပတ် မောင်းနှင်နေကြတဲ့ စာပေ လုပ်သား တွေကြောင့် ခရီးများလို့ ရတဲ့ ကျွန်မ စိတ်ထဲကနေ ရုံးက လူတွေ အားလုံးကို ကျေးဇူးတင်ရင်း ပီတိ ဖြစ်မိတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော် ပေါ်ပြူလာ ဂျာနယ် အစပြုခဲ့တဲ့ ကာလတွေဟာ သိပ်မကြာသေးသလိုပဲ။ Read More

ခေတ်ရဲ့လိပ်စာကတ်

DSC_4231-300x199 အယူအဆ တို့ သဘောထား တို့ ဆိုတာ အမြဲ တစ်သမတ်တည်း ဖြစ်နေရမယ့် အရာများ မဟုတ်ဘဲ ကြောင်း ကျိုး တိုက်ဆိုင် လာရင် လိုအပ်သလို ပြောင်းလို့ ဖြစ်တယ် ဆိုတာ ဟုတ်တော့နေပြီ။ အရင်တုန်းက သူစိမ်း တစ်ယောက်နဲ့ တွေ့ဆုံနှုတ်ဆက်လို့ လိပ်စာ ကတ်ပြား ဖလှယ်ကြတဲ့ အခါ ကာယကံရှင်ရဲ့ ဓာတ်ပုံပါတဲ့ ကတ် ပြား မျိုးကို ကျွန်မ အတော် ရယ်ချင်ပါတယ်။ ဘာအကြောင်းပြချက်နဲ့ လဲလို့ မေးရင်လည်း............Read More