ရွှေတံခါးကြီး ပွင့်လာပြီ

တိုကျိုမြို့ မြင်ကွင်း

တကယ်တော့ ဒီခရီးစဉ် က သာမန် ချစ်ကြည်ရေး ခရီးစဉ် သက်သက် မဟုတ်ပါ။ မြန်မာနှင့် ဂျပန် နှစ်နိုင်ငံ ကြားတွင် သမိုင်းကြောင်း က ရှည်ရှည် လျားလျား ရှိခဲ့သည်။ သို့သော် နောက်ပြန် မလှည့်စတမ်း ဟူသော လူသိထင်ရှား ကတိ စကားများနှင့် အတူ ဒီခရီးစဉ် ကလည်း အတိတ်သို့ လည်ပြန်သော ခရီးမဟုတ်။ နှစ်ပေါင်း (၂၈) နှစ် အတွင်း မြန်မာနိုင်ငံ၏ အဆင့်အမြင့်ဆုံး အရပ်သား အစိုးရ အကြီးအကဲ တစ်ဦး၏ အရေးပါသော ခရီးတစ်ခု။...

Read More

သမိုင်းမလှသော်လည်း အနာဂတ်လှရအောင်

နယူးယောက်မြို့ရှိ ယခင် ကမ္ဘာ့ ကုန်သွယ်မှုဗဟို အဆောက်အအုံ ကြီးများနေရာဝယ်ပြန်လည်ပြုပြင် ရေးများပြုလုပ်နေဆဲဖြစ်သည်။ ယင်း လုပ်ငန်းခွင်ကို 'ကင်းမဲ့ခြင်းကို ထင် ဟပ်ခြင်း(ျွန်ူနခအငညါ ဗဘျနညခန)' ဟု အမည်ပေးထားသည်။ လုပ်ငန်း ခွင်ဝယ် ယခင်ကမ္ဘာ့ ကုန်သွယ်မှု ဗဟိုအဆောက်အအုံကြီးများ တည် ရှိခဲ့ခြင်း၏ပုံရိပ်အဖြစ် လေးထောင့် အကွက်ကြီးနှစ်ခုကို ထင်ရှားစွာ တွေ့နိုင်၏။ 'တစ်ကျော့ပြန်' ဆိုသည့် စကားက လောကသဘာဝထဲ အသုံးများမြဲ။ အဆိုးလောကဓံ တစ်ကျော့ပြန် မှာကိုဖြင့် လူတိုင်းလန့်ကြ နောက်တစ်ခေတ်တွင် နောက် စိတ်ညစ်စရာများ မဖြစ်ကြရအောင် သင်ခန်းစာ ယူစရာ သာဓကများကို သုံးသပ်မီးမောင်း ထိုးကြရသည်။ ၉။၁၁ (ခေါ်) ၉၁၁ (ခေါ်) စက်တင်ဘာ အီလဲဗင်း၏ သမိုင်း တစ်ခုသည် လည်း ဆယ်စုနှစ်တစ်ခု တိုင်ခဲ့ပြီ။ ဤဆယ်စုနှစ် အတွင်း ငြိမ်းချမ်းရေး အဖြေကို ဘယ်လို သည်းခံမှု များဖြင့် ရှာခဲ့ပါသလဲ။ အမြင်မတူကြသူများ တစ်ဦးနှင့် တစ်ဦး လေးစား စိတ်နဲ့ ရင်ဆိုင်လို့ ရနိုင်ခဲ့ကြလား ဆိုသည်ကလည်း..........Read More

လူ့စွမ်းအား ပိုင်ရှင်များရဲ့ MPAN

Untitled-1 ကျွန်မအသက် ၃ဝ ကျော်မှ ဘွဲ့လွန်တစ်ခုထပ်ပြီး တက်ဖြစ်တယ်။ ဘွဲ့က ‘ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပညာမဟာဘွဲ့’ ပါ။ အလုပ် တစ်ဖက်၊ မိသားစုကိစ္စ တစ်ဖက်နဲ့ဆိုတော့ ဝန်ထမ်းတွေတက်နိုင်တဲ့ ညနေပိုင်းသင်တန်း EMPA မှာ တက်ခဲ့ပါတယ်။Read More

ဘ၀ခိုင်ခံ့အောင် အုတ်မြစ်ချသူများသို့

267734_10150251279439237_648434236_7161246_4716885_a ‘သေဖော်သေဖက်’ ဆိုတဲ့စကားကို ကျွန်မ ခဏခဏကြားရတယ်။ ကျွန်မအဖေရဲ့ ဆရာ၊ မိတ်ဆွေ၊ တပည့်တွေဆီကနေပေါ့။ အဖေ့ရဲ့ ဆရာသမား ဆိုတာတွေက ကျွန်မတို့ဘဝရဲ့ ကျေးဇူးရှင်တွေပဲမို့ အဖေ့ကိုယ်စား ကျွန်မတို့က ဂါရဝသွားပြုလေ့ရှိတယ်။ အဲဒီအခါမျိုးမှာ သူတို့တွေဟာ ငယ်ငယ်တုန်းက အကြောင်းတွေကို ပုံရိပ်ဖော် ရင်း ဘယ်လိုလက်တွဲခဲ့ကြတယ်။ ဘယ်လို ရဲဘော်ရဲဘက်စိတ်နဲ့ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းခဲ့ကြတယ် ဆိုတာကို ပီတိသံတွေနဲ့ ဇာတ်ကြောင်း ပြန်လေ့ ရှိကြတယ်။ Read More

‘ပထမ’ကို ဆွဲဆန့်ခြင်း

The First Music Journal က သူလည်း အုပ်ရာကျော်သွားပြီလို့ဆိုရင်း ကျွန်မကို စာမူတောင်းလာပါတယ်။ ခုလို သူကနေ စာမူတောင်းခံ လာတာ ပထမဦးဆုံးမို့ ဘာအကြောင်း ရေးရမှန်းတောင် ချက်ချင်းစဉ်းစားလို့မထွက်။ ပထမဦးဆုံးဆိုတာ တော်တော်များများဟာ အလွန်ကယောက်ကယက် နိုင်လှပါလား။ ကျွန်မ ဘဝတစ်လျှောက် ပထမဦးဆုံး ဆိုတဲ့ အရာတွေဟာ ဘယ်လောက်သေးနုပ်တဲ့ အကြောင်းအရာပဲဖြစ်ပါစေ အထူးအဆန်းနဲ့ မမေ့နိုင် စရာတွေ ဒုက္ခနဲ့ အခက်အခဲတွေက များပါတယ်။ ကျွန်မ သမီးဦးလေး မွေးတော့ ကိုယ့်ကိုယ်ကို 'မေမေ' ဆိုတဲ့ နာမ်စားသုံးရတာ အဆင်မပြေဘူး။ ပထမဆုံး အကြိမ် မိခင်ဖြစ်ရတာ ဘာကြီး မှန်းကိုမသိဘူး။ ကြာလာတော့မှ 'မေမေ'ဆို တဲ့ ကိုယ့် နာမ်စားဟာ ခွန်အားတွေ၊ မေတ္တာတွေ၊ အားမာန်တွေနဲ့ စေးပိုင် လာတာပါ။ .......Read More

ဘဝရဟတ် အစသတ်နိုင်ဖို့ ဗောဓိတစ်ထောင် ဓမ္မလက်ဆောင်

ဗောဓိ တစ်ထောင် ဆရာတော်ကြီး ဆေးရုံ တက်နေစဉ်ရော၊ အိန္ဒိယ က ပြန်ကြွ လာချိန်မှာရော (နောက်နှစ်ရက်ကျော်လောက်ပဲ နေရတော့မယ် ဆိုတာ လည်း သိနေပါပြီ) စိတ်ထဲမှာ ဖြစ်ခြင်း ပျက်ခြင်းကို နှလုံး သွင်းနိုင်နေတော့ သိပ် မခံစားရဘူးလို့ ထင်နေခဲ့တာ။ တကယ့် အန္တိမ ဈာပနာနေ့ ဖြစ်တဲ့ ၂ဝဝ၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက် အင်္ဂါနေ့ ရောက်တော့ ကိုယ့်အိမ်က ဘုရားခန်းထဲ ဝင်ချိန်မှာ ဘုရားလည်း ဦးမချနိုင်၊ ပွားများ ရွတ်ဖတ်ရယ့် ဝတ္တရားတွေ လည်း မလုပ်နိုင်သေးဘဲ ဆရာတော်က မိမိ ရဲ့ မိဘများကို ချီးမြှင့်ခဲ့တဲ့ ဥာဏ်တော် လေးပေခန့်ရှိတဲ့ မဟာ လာဘမုနိကြီး ကိုပဲကြည့်ရင်း မျက်ရည်တွေ တလိမ့်လိမ့် ကျလို့ပေါ့။ မြင်ရတဲ့ ရုပ်ပွားတော် ဆိုတာထက် ဒီလို မမြင်ရတဲ့ မေတ္တာရဲ့ထုထည်မျိုး ကိုရနိုင်ဖို့ အခွင့်ရေး မျှော်လင့်ချက်တွေလည်း ပါမယ်ထင်ပါတယ်။ အဲဒီကျတဲ့ မျက်ရည်တွေဟာ........Read More