“စိတ်ရဲ့အလေ့အထ”

284879_258923127543956_1640986975_n စိတ်ခံစားမှုတွေနဲ့ လူ့ရဲ့ ဥာဏ်ရည် ဥာဏ်သွေးကို ပိုထက်မြက်အောင် လေ့ကျင့်လို့ ရသလို၊ အဲဒီ စိတ်ခံစားမှုတွေ အောက်မှာ ဝပ် စင်းလိုက်ရတဲ့ ကျေးကျွန်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်လို ခံစားမလဲ၊ ခံစားချက်တွေကို ဘယ်လိုတုန့်ပြန်ရင် အကောင်းဆုံးလဲ ဆိုတာတွေ က ဘဝမှာ သိပ်အရေးပါတာပေါ့။ လူ့အဖွဲ့အစည်းထဲမှာ နေသည်ဖြစ်စေ၊ တစ်ယောက်တည်း နေသည်ဖြစ်စေ၊ ကိုယ့်စိတ်ခံစားမှု အားလုံးကို အကင်းပါးစွာ စီမံနိုင်ဖို့ ခံစားချက်တွေရဲ့ အတိုင်း အဆကို သိပေးပါ။Read More

“အောင်မြင်သူနဲ့ အောင်မြင်မှု”

400386_257100864392849_531156419_n

အောင်မြင်မှု ဆိုတာဟာ မျက်လှည့်လည်း မဟုတ်သလို၊ လျှို့ဝှက် ဆန်းကြယ်လည်း မဟုတ်ပါ။ လုပ်သင့်တဲ့ အခြေခံအချက်တွေ ကို သေသေ ချာချာ လုပ်ရင် အကျိုးဆက်ဖြစ်တဲ့ အောင်မြင်မှုက အနောက်က ကပ်လိုက် လာတာပါပဲ။ အလွဲ အမှားလေးတွေကြောင့် ဖြစ်တဲ့ ရှုံးနိမ့်မှုတွေဟာလည်း ကိုယ့်ကို ရင့်ကျက်မှု ပေးပါတယ်။ အဲဒီအလွဲတွေကို ပြန်ကြိုးစားလေ့ကျင့်ရင်၊ အောင်မြင်နေသူတွေကို ကိုယ့်ရဲ့ နည်းပြအဖြစ် ယူဆပြီး အားထည့် လုပ်ကိုင်ရင် ကိုယ့်ရဲ့မှတ်တိုင်တွေကို စိုက်ထူသွားရင်း အောင်မြင်သူ ဖြစ်လာမှာပါ။...

Read More