ဒစ္စနေးခရီးသွားအိပ်မက်များ

3909 ခရီးသွားတယ် ဆိုတာ ရည်ရွယ်ချက်လေး တွေ အမျိုးမျိုးရှိတတ်ကြပါတယ်။ သားသမီးရှိ လာတဲ့ မိဘတွေအဖို့ ခရီးသွားခြင်း ကတော့ အလုပ်ကိစ္စ ကလွဲရင် ကျန် တာတွေမှာ ကိုယ့် သားသမီးတွေနဲ့ အတူတကွ ပျော်ပျော်ပါးပါးသွား ချင်ကြတာပါပဲ။ သားသမီးတွေပျော်တဲ့ အပျော် ကပဲ ကိုယ့်ရင်ထဲကို စီးဆင်းလာလို့ရတယ်။ သူတို့ မပါဘဲ သွားရတဲ့ အခါ ဘယ်လိုပျော်စရာမျိုး ပဲတွေ့တွေ့ ခံစားလို့တယ်မရချင်ဘူး။ ဟောင်ကောင်ဆိုတဲ့နေရာမျိုးကို ကိုယ့်ဘာသာကိုယ်ဆို သွားဖို့မစဉ်းစားပါဘူး။ ဒါပေမဲ့ ကလေးတွေရဲ့ အသည်းစွဲ ဒစ္စနေးဥယျာဉ်ကမ္ဘာလေးက.......Read More

သင်္ခါရကောင်းကင်အောက်က စွဲထင်ကျန်ရစ်နေသော နှလုံးလှရုပ်ပုံလွှာများ

265030_10150253611569237_7942855_n ကျွန်မနားမှာ အမျိုးထဲက မိန်းမ အုပ်ကြီးဝိုင်းနေတာ ဟောင်ကောင်ပြန် လက်ဆောင် တောင်းဖို့ မဟုတ်ပါဘူး။ သူတို့ကြိုက်တဲ့ ကိုရီးယားမင်းသား ဘေယောင်ဂျွန်းနဲ့ ကျွန်မ တိုက်တိုက် ဆိုင်ဆိုင် ဟောင်ကောင်မှာ တွေ့တဲ့ အကြောင်းကို မနာလိုစွာ နားထောင်ဖို့ပါ။ ကျွန်မက ရင်ခုန်စရာကောင်း အောင် ပြောလေ ကိုရီးယား ခရေစီ ဖြစ်တဲ့ သူတို့တွေက တောက်တခေါက်ခေါက်နဲ့ ကိုရီးယားကား မကြည့်တဲ့ ကျွန်မနဲ့မှ ဆုံလေခြင်းလို့ ယူကြုံးမရ ဖြစ်လေပါပဲ။ ကျွန်မနဲ့ ဘေယောင်ဂျွန်း အတူတူ ရိုက်ထားတဲ့ပုံကို ကြည့်ပြီး.........Read More

ကမ္ဘာ့နှလုံးသားထဲက စီးဆင်းနေတဲ့ တစ်ခါကအချစ်ရဲ့သင်္ကေတ

270975_10150253589199237_5669140_n ခရီးသွား မှတ်တမ်း ဆိုတာက လက်ရှိကျင်လည် နေတဲ့ဘဝမှာ သွားလာ ကျင်လည်လို့ ရသမျှထဲက သင်ခန်းစာ လောက်ကိုသာ ရေးထားနိုင်တာပါ။ ဘဝ အဆက်ဆက် ကြုံခဲ့ရတဲ့ လောကဓံတွေ နဲ့ သင်ခန်းစာ တွေကတော့ မှတ်မိဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ရာဇဝင်ထဲက သမိုင်း အဖြစ်အပျက်တွေ၊ လောကဓံတွေ ကိုတော့ ပွားယူခံစား ကြည့်မယ် ဆိုရင် အဲဒီခေတ်က မရလိုက်နိုင်တဲ့ အတွေးတွေ အခုချိန်မှာ ရရှိ ချင့်ချိန်နိုင်ကြပြီး အကျိုးရှိနိုင် ပါလိမ့်မယ်။ ခုပြောပြချင်တဲ့ ခရီးလေးက........Read More

မရိပ်မိလို့ မသိတာပါ သံဝေဂရစရာတွေချည်းသာ

ဗုဒ္ဓဂယာ ခရီးသွားမယ် ဆိုတာကို ဆရာတော်ကြီးတွေကို ကြိုလျှောက်တော့ အားလုံးက သံဝေဂ ဥာဏ်ဖြစ်အောင်၊ သစ္စာလေးပါးတရား တွေသိခဲ့အောင် ကြိုးစားခဲ့ဖို့ မိန့်ကြတယ်။ လွန်ခဲ့တဲ့ (၁၄)နှစ်က သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)နဲ့ အဝိဇဟိတ လေးဌာန (ဘုရားရှင်တိုင်း မစွန့်အပ်သော နေရာ အရပ်များ)တွေ ကို ရောက်ခဲ့ဖူးပါတယ်။ သွားတဲ့အချိန်က ရာသီဥတု ပူလို့ ပင်ပန်းလွန်းတာကလွဲပြီး ဘာသံဝေဂမှ မရပေါင်၊ အသက်ငယ်သေးတာလည်း ပါမယ်။ အရင်သွားတုန်းက 'ကာလကတ္တား'ကနေ တစ်ဆင့် သွားခဲ့ဖူးတယ်။ ခုတော့ ရန်ကုန်နဲ့ ဂယာကို တိုက်ရိုက်ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေ ရှိလာတော့ သွားချင်ရင် ထသွားရုံပဲ။ အခုတော့ ကာလကတ္တားလည်း 'ကိုလ်းကတ္တား' ဆိုပြီး ခေါ်တွင်နေပြီပေါ့။ ဘုံဘေမြို့လည်း မွန်ဘိုင်းဆိုပြီး ပြောင်းလဲနေပြီလေ။Read More

နပ်ဖ်မြစ် ခြားနေသော်လည်း နားလည်မှုတွေ မခြားနားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်

DSC_01201-300x199 မိုးမျှော် အဆောက်အအုံများ ရှိသလို တဲအိမ်လေးများလည်း ရှိသည်။ ရောင်စုံ ပြိုးပြက်သော ကြော်ငြာ ဆိုင်း ဘုတ်များရှိသလို ရွဲ့စောင်း ဟောင်းနွမ်းမှုများ လည်း ရှိနေ သောဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာ ၏ သိသာ ထင်ရှားသော မြင်ကွင်းမှာ လမ်းတစ်လျှောက် ရှုပ်ထွေးကျပ် တောက်သော ကားများနှင့် ဆူညံသော ကား ဟွန်းသံ များပင် ဖြစ်သည်။ သို့သော်-စံချိန်စံညွှန်း များဟူသည် အမြဲ တစေပုံသေ နည်းကျ ကိုက်ညီနေ မည် မဟုတ်သလို နှိုင်းယှဉ် သုံးသပ်ရန်လည်း မသင့်ဟု ထင်ပါသည်။Read More

ဒီတောဒီမြိုင် ရှူရာဘန်စတိုင်

‘ဟိုက်…ဒီနေ့ကံမကောင်းပါလား’ ဒီလိုရေရွတ်လိုက်လို့ တွတ်ပီနဲ့ဗိုက်ကလေးလို့ မထင်လိုက်ပါနဲ့၊ မသေးမျှင်နဲ့ ဆင်တဲ့ ဒေါဖောင်းဖောင်း လူဖောဖော  ကျွန်မကိုယ်တိုင်ပါပဲ။ ဒီဆင်ခန္ဓာဝက်ကိုယ်လုံးနဲ့လူက ရွှံနွံထဲနစ် နေ တဲ့ပုံကို စိတ်ကူးကြည့်ကြပါဦး။ ကင်မရာကို လည်ပင်းမှာ ဆွဲထားတာ တောင် စိတ်ချမလို့ လက်နဲ့ထိန်းရင်း ကိုးရိုးကားရားနဲ့ နွံထဲကကြာဖြစ်နေတဲ့ ကျွန်မကိုယ်တိုင်လည်း ဒီနေရာကိုဘာကြောင့် ရောက်လာရပါလိမ့် လို့ အမြန်ပြန် စဉ်းစားမိတော့ …...

Read More