နေဘုရင်နဲ့ လမိဖုရားရဲ့ ရင်သွေး

182321_238790496223886_899673859_n

စကြဝဠာရဲ့ အစီအစဉ်တကျဖြစ်မှုကို အံ့သြမိဘူးလား
နေကမ္ဘာဂြိုဟ်နဲ့ လကမ္ဘာဂြိုဟ်ရဲ့ကြားမှာ
ကံကောင်းခြင်းတွေ လက်ခံရရှိနေတဲ့ မြေကမ္ဘာဂြိုဟ်အကြောင်း။

ကိုယ်တိုင်လောင်ကျွမ်းနေတဲ့ နေမင်းရဲ့ ယောက်ယက်ခတ် အပူမီးလျှံတွေ
သူဘာတွေကျေးဇူးပြုနေရလဲတောင် သူသိချင်မှသိမယ်
သူ့ရဲ့ ရွေးလျားမှုနဲ့အတူ သူ့ရဲ့ဖြန့်ကျက်မှုတွေ ယူဆောင်သွားပေမဲ့
တာဝန်မဲ့ထွက်မသွားဘူး။ လမင်းကို တာဝန်ပေးခဲ့တယ်
ရွေ့လျားမသွားတဲ့ ဖခင်မေတ္တာလိုပေါ့။

မြေကမ္ဘာကို ပတ်သက်ချင်တဲ့သူတွေ စကြာဝဠာထဲ အလုယက်ပါဘဲ
နေကိုအားကျတဲ့ ကြယ်စုများရဲ့ အားထုတ်မှုကလဲ ကဗျာဆန်ဆန်ဘဲ
သူတို့ကို မြင်ရချိန်အခိုက်အတန့်ပေမယ့် သူတို့ဖြတ်သန်းခဲ့ရတဲ့ အလင်းနှစ်တွေ
အများကြီးမှာ တို့ဘိုးဘေးတွေရဲ့ ရာဇဝင်ရှိခဲ့မယ်
ပြောင်းလဲမသွားတဲ့ ဘဝစက်ဝန်းရဲ့ နိယာမတွေအတိုင်း။

နေမင်းရဲ့ရွေးချယ်မှုကို သူထက်ငါ အလုယက်တမ်းတနေချိန်မှာ
ကံကြမ္မာက လမင်းကို အနီးဆုံးမှာ ရှိနေစေလိုက်တယ်
နေမင်းရဲ့ အချစ်တွေကို လမင်းတစ်ပါးတည်းကပဲ
လက်ခံရင်း သိမ်းပိုက်နိုင်အောင်ကြိုးစားထားတယ်။
သူ့ရဲ့ အရည်အချင်းက သူ့ဥာဏ်ရည်နဲ့ ပြောင်းလဲစီမံဖြန့်ကျက်တတ်ခြင်းပဲ
ဘယ်တော့မှ မှောင်မသွားတဲ့ မိခင်တွေရဲ့ မေတ္တာလိုပေါ့။

1.2.07  8:15 Am