လွဲနေတဲ့စံများ

ငါ့ကိုဘေးလူတွေက ပိုသိတယ်
ငါ့ကိုယ်ငါ မသိဘူး

ငါ့ကိုယ်ငါသိနေတာက ငါစွမ်းဆောင်နိုင်တယ်ပေါ့
ဒါပေမဲ့ ဘယ်သူမှ လက်ခုပ်မတီးဘူး။
လက်ခုပ်စည်းချက်လေးတွေလိုက်ပေးတယ်
လေနဲ့အတူ သစ်ရွက်လေးတွေက လက်ခုပ်စည်းချက်လေးတွေလိုက်ပေးတယ်

ငါ့ကိုငါမသိသေးတဲ့ဘဝမှာ။
တခြားမသိတာတွေ ထပ်သိချင်နေသေးတာ
မသိမှုလို့ခေါ်မှာလား….

ဘဝလမ်းမှာ ငါရုန်းကန်လျှောက်လှမ်းနေတယ်ပေါ့
ဒါပေမဲ့ ဘယ်သူမှ ကားကြုံမခေါ်ကြဘူး
ဖောက်ပြီးခဲ့တဲ့ လမ်းတွေကဘဲ ရှေ့ဆက်လျှောက်ဖို့ပြောတယ်။

ငါ့ကိုငါတော့ အားလုံးကို ပေးဆပ်နေတယ်ပေါ့
ဒါပေမဲ့ ဘယ်သူမှ မခံစားရသလိုပဲ။
ဒါဟာလည်း ဖြစ်ပျက်…။

င့ါကို သူများတွေ သတ်မှတ်တဲ့အတိုင်း လက်ခံရတော့မယ်။
ငါ့ကိုယ်ငါ သတ်မှတ်အဓိပ္ပာယ်ဖွင့်လို့မရနိုင်

င့ါကိုငါသိလည်း အကျုံးမဝင်ဘူး
ဘေးလူသိတဲ့ ငါ့အကြောင်းကဘဲ အကျုံးဝင်နေခဲ့ပေါ့။

9:27 Am