လိုက်ကာကိုစေ့အောင်ပိတ်ပါ

562286_239996142769988_1873282881_n

ကိုယ်ကိုယ်တိုင်ပိတ်ချင်လို့ ပိတ်ထားတဲ့လိုက်ကာ
ဘယ်သူမှမဖွင့်လည်း ဟနေတဲ့ကြားက ပုံရိပ်တို့ကို
ကိုယ့်အထင်နဲ့ ကိုယ်ပုံဖော်ရင်း…

မသဲကွဲတဲ့အကြောင်းတရားများဟာ
အသည်းကွဲတဲ့အကျိုးတရား ဦးတည်ရင်း…

အဟုန်နဲ့ လာနေတာကို ရုတ်တရက်တားဆီးဖို့ မကြိုးစားလိုက်နဲ့
ခံစားနိုင်သေးတဲ့ ရွေ့လျားအဟုန်ထက်ဆိုးတဲ့
မခံစားနိုင်တဲ့ရပ်တန့်ကြေကွဲမှုတို့နဲ့
အကျွတ်တရားရသွားလိမ့်မယ်

အဲဒီအကျွတ်တရားက အမြိုက်တရားတော့ မဟုတ်လောက်ဘူး
ဒါကြောင့်
ဘဝရဲ့ တချို့အကန့်တွေကို
သေသေချာချာပိတ်ပါ

28.10.09  9.09Am
quarlling night & morning