အမှောင်ထဲက အကြည့်

522521_239179326185003_1910358362_n

နှင်းတွေကျသလိုမျိုး
အမှောင်တွေကျလာပြီ
အလင်းရဲ့နှလုံးခုန်သံလည်း
ခုနကလို ဗရမ်းဗတာ မဟုတ်တော့
ကကွက်တွေလည်း မပြောင်းတော့
နောက်ဆုံးတည်ငြိမ်ခြင်းတွေကို
နွမ်းနွမ်းဖတ်ဖတ်အားထုတ်နေရတဲ့
အလင်းစက်ကို
ကိုယ်ဘာလို့ငေးနေမိပါလိမ့်
အကြောင်းပြချက်တွေနေရာတကာမှာ ရှိခဲ့ရင်
ငါမင်းကို မချစ်မိအောင်နေမှာပေါ့
ခုတော့ နှင်းမိုးတွေရွာသလိုမျိုး
အမှောင်တွေသည်းသွားပြီ
 25.8.10  8.01Pm
ဝါခေါင်လပြည့်

Leave a reply

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>