Countdown

10882353_534209466681986_7883450324576892896_n

နှစ်ဟောင်းည နဲ့ နှစ်သစ်အစဆိုတာ ကပ်ကပ်လေး
အဲဒီည နဲ့ အဲဒီအစ ကို သန်းခေါင်ရဲ့ တိတ်ဆိတ်ခြင်းက ပိုင်းခြားပေး

နီးရက်နဲ့ တို့နှစ်ယောက် ရဲ့ အဝေး
တိတ်ဆိတ်ခြင်းတွေက လျှို့ဝှက်စွာ ပိုင်းခြားပေး

အီကွေတာနဲ့ နေ အဝေးဆုံး ချိန်မှာ
အေးခဲတဲ့ ခံစားမှုနဲ့ ဟာနေတာ
ညတာရှည်သလောက် အလွမ်းတွေရှည်ကြာ

ငါ့ရဲ့ Countdown တွေနဲ့ မင်းကို မျှော်နေရဦးမှာ

ငွေသော်တာ