အာဆီယံ အလံတွေ အောက် အထီးကျန် လျှောက်လှမ်းနေခြင်း မဟုတ်တော့သည့် မြန်မာ

424914_283777711725164_1068119624_n

”မိုးထိအောင် အာဆီယံနိုင်ငံ  အလံများကို လွှင့်ကြမယ်။ နှလုံးသားထဲ မှာ ဂုဏ်ယူစရာတွေ ထွေးပွေ့မယ်။ မျှော်လင့်ရဲ၊ မျှဝေရဲတဲ့ အာဆီယံရဲ့ လမ်းစဉ်အတိုင်း တို့ တစ်တွေ တစ်သားတည်း ဖြစ်ကြပြီ။ အာဆီယံရဲ့ လမ်းစဉ်အတိုင်း …” ဟု ကြားနေရသည့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားမှ ကမ္ဘောဒီးယား သီချင်းသံကို ကြားစဉ်က စိတ်အား တက်ကြွမှု တစ်မျိုးကို ခံစားခဲ့ရပါသည်။ တကယ်တမ်း အာဆီယံရဲ့ ရည်ရွယ်ချက် ဖြစ်သည့် ‘One Community: One Destiny တစ်ခုတည်းသော အသိုက်အဝန်း၊ တစ်ခုတည်းသော ရည်မှန်းချက်’ ဆိုသည့် ဆောင်ပုဒ်ကို ခံစားမိစေသည် ကတော့ ဖနွမ်းပင်မြို့၏ ကမ်း နားလမ်း တစ်လျှောက် စတီးလ်တိုင် မြင့်ကြီးများနှင့် စိုက်ထူထားသော အာဆီယံ နိုင်ငံများ၏ အလံများ အောက်ဖြတ်လျှောက်မိချိန်ပင် ဖြစ်သည်။ ကိုယ့်နိုင်ငံတော် အလံတစ်ခု တည်းအောက်မှာ နေထိုင်ရာကနေ အာဆီယံ နိုင်ငံများ၏ အလံအောက်တွင် တူညီသော အခွင့်အရေးများနှင့် ကူးလူး ဆက်ဆံ၍ စည်းလုံးစွာ နေထိုင်ကြတော့မည့် အနာဂတ်ကို ကြို တင်ခံစားရင်း နောင်နှစ် နိုဝင်ဘာ တွင် ၂ဝ၁၄ ခုနှစ် အိမ်ရှင်အဖြစ် လွှဲပြောင်း တာဝန်ယူရမယ့် မြန်မာ အတွက် ဖနွမ်းပင် မြင်ကွင်းများက အားလုံး အတွက် အချက်ပေးသံများ ပင်ဖြစ်သည်။

45283_283777241725211_827095967_n381745_283777331725202_142990219_n

အာဆီယံ အစည်းအဝေးများ

အာဆီယံ ထိပ်သီးအစည်း အ ဝေးမှာ(၂၁) ကြိမ်မြောက် ဖြစ်သော် လည်း အခြား ဆက်စပ် အစည်း အဝေး များကလည်း သူ့အကြိမ်နှင့် သူ  ရှိကြသည်။ အာဆီယံ-ဂျပန်၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေးတွေ က (၁၅) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီး အစည်းအဝေးက (၁ဝ)ကြိမ်မြောက်၊ (၇) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး မျက်နှာစုံညီနှင့် (၇)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေး၊ (၄)ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီး အစည်း အဝေး ဟူ၍ကျင်းပခဲ့သည်။

အစည်းအဝေး တက်ရောက် လာကြသော နိုင်ငံ့ခေါင်းဆောင်များ သည်လည်း နှစ်နိုင်ငံ သီးသန့် အစည်းအဝေး များကို လိုအပ်သလို ပြုလုပ် တွေ့ဆုံကြသည်။ အာဆီ ယံ ရဲ့ CPR၊ SOM၊ DSG ၊ AMM ၊ AEM ၊ APSC ၊ ACC များကလည်း အစည်းအဝေး များလုပ်ကြပါသည်။

အာဆီယံ ထိပ်သီးအစည်း အဝေးကို တစ်နှစ်လျှင် (၂) ကြိမ် ကျင်းပခြင်းဖြစ်သည်။ ပထမ အကြိမ်ကို ဧပြီ ပတ်ဝန်းကျင်လောက်တွင် အာဆီယံ (၁ဝ)နိုင်ငံနှင့် သာ ကျင်းပပြီး ဒုတိယ အကြိမ်ကိုတော့ နိုဝင်ဘာ ပတ်ဝန်းကျင်တွင် အာဆီယံ (၁ဝ)နိုင်ငံ အပြင် ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် တွေ့ဆုံ ဆွေးနွေးမှုပြု လုပ်ခြင်း ဖြစ်သည်။ ထိပ်သီး မဟုတ်သော အခြား အစည်းအဝေး များက တော့ အိမ်ရှင်နိုင်ငံ အတွက် တစ်နှစ် ပတ်လုံး ပြည့်နေမည် ဖြစ်သည်။

”၂ဝ၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်မယ့် မြန်မာနိုင်ငံမှာလည်း  တစ် နှစ်လုံး အစည်းအဝေးပေါင်း ၁ဝဝဝ လောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီ အစည်းအဝေးတွေ အတွက် ကြိုတင် ပြင်ဆင်ဖို့ ညှိနှိုင်း အစည်းအဝေး တချို့တောင် စလုပ် နေပြီလို့ ကြားပါတယ်။ ထိပ်သီး အစည်းအဝေးကို လာရောက်ကြမယ့် အဖွဲ့ဝင် နိုင်ငံတွေက ကိုယ်စားလှယ် အဖွဲ့တွေ၊ သတင်း လာယူကြမယ့် နိုင်ငံတကာ မီဒီယာတွေရဲ့ အရေအတွက်က ဧပြီထိပ်သီး ဆို လူ ၆ဝဝဝ လောက်၊ နိုဝင်ဘာ ထိပ်သီး အစည်းအဝေး ဆို လူ ၁ဝဝဝဝ လောက် ရှိမယ်ထင်တယ်။ ခု ဖနွမ်းပင်မှာတောင် နိုင်ငံတကာက သတင်းသမား ၂ဝဝဝ လောက် စာရင်းပေး ထားတယ်လို့ သိရတယ်” ဟုဒေါက်တာ ဝါဝါမောင် က ပြောသည်။

အစည်းအဝေး များတွင် ကြေ ညာချက် စာတမ်းများ ထုတ်လေ့ရှိ သဖြင့် သူတို့ ဆွေးနွေးသည့် အ ကြောင်းအရာများ၊ အာဆီယံ နိုင်ငံ သားများ၏  အခွင့်အရေး များကို သိရှိနိုင်သည်။ ခေါင်းဆောင်များ အစည်းအဝေး လုပ်နေသည်ကို တိုက်ရိုက် ကြည့်ရှု နားဆင်နိုင်သည့် နားထောင် Listening အခန်းကို ထားပေးထားသည်။ သို့သော် ယင်း အခန်း ထဲသို့ အဆင့်မြင့် ပုဂ္ဂိုလ်များ သာဝင်ခွင့်ကတ် ရရှိသည်။

အာဆီယံ ခေါင်းဆောင်များနှင့် အာဆီယံ စီးပွားရေး အကြံပေး ကောင်စီ (ABAC) တို့ တွေ့ဆုံခြင်း ကို ပြည်သူများ ပိုသိချင်လိမ့်မည် ထင်ပါသည်။ အာဆီယံ အလံ အောက်မှာ တစ်ခုတည်းသော အာဆီယံ အသိုက်အဝန်း ဖြစ်လာပါက တခြား နိုင်ငံများမှ ကိုယ့်နိုင်ငံကို အခွန် ကင်းလွတ်စွာ သွင်းကုန်များ သွင်းလာချိန်တွင် မိမိတို့ရော ဘယ်လိုပို့ ကုန်တွေကို ပို့သင့်သည်၊ အကျိုး အမြတ် ဘာတွေ ရှိနိုင်မည်ဆိုသည် ကိုတော့ အစည်းအဝေး တက်ကြသူ ပုဂ္ဂိုလ်များက ပြန်လည် ဖြန့််ဝေရာတွင် ကျယ်ကျယ်ပြန့်ပြန့် ရှိပါစေ ကြောင်း ဆန္ဒပြုခဲ့မိသည်။

424914_283777711725164_1068119624_n

ပြင်ဆင်ထားရမည့် အရာများ

ထိပ်သီး အစည်းအဝေးများ ကျင်းပရန် ဝန်ကြီးဌာန အလိုက် တာ ဝန်ယူကြသော်လည်း နိုင်ငံခြား ဘာသာ စကား ကျွမ်းကျင်သည့်သူ များကိုလည်း လုပ်အားပေးခေါ် ကြ ရမည် ထင်ပါသည်။ ကမ္ဘောဒီးယား နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်း တစ်ဦးက”ဒီပွဲကို နိုင်ငံခြားရေး နဲ့ ပြန်ကြားရေးက အဓိက လုပ်ဆောင်နေကြပါ တယ်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေကို လည်း လုပ်အားပေး ခေါ်ရပါတယ်” ဟုဆိုသည်။ နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး အကြံပေး အဖွဲ့ခေါင်း ဆောင် ဦးကိုကိုလှိုင် က ”၂ဝ၁၄ အာဆီယံ ထိပ်သီးအ စည်းအဝေးပွဲ တွေအတွက် တချို့နိုင်ငံတွေက ဝိုင်း ကူမယ် လို့တော့ သိထားတယ်။ နည်းပညာပိုင်း အဓိက ပံ့ပိုးမယ် ထင်တယ်။ လူအင်အားကတော့ နိုင်ငံခြား ဘာသာတက္ကသိုလ်က လူငယ်တွေ၊ ပုဂ္ဂလိက ဖွင့်ထားတဲ့ နိုင်ငံတကာ ကျောင်းက လူငယ်တွေ၊ နိုင်ငံခြား ဘာသာ စကား ကျွမ်းကျင်ပြီး တိုင်းပြည် အတွက် ပါဝင်ချင်တဲ့ လူငယ်တွေကို ဖိတ်ခေါ်နိုင်ရင် ကောင်းမယ်’ဟု ဆိုခဲ့သည်။ မြန်မာ နိုင်ငံမှ လေ့လာရေး အဖွဲ့ကလည်း ဖနွမ်းပင်ရှိ အစည်း အဝေးကျင်းပရာ Peace Palace နှင့် Media Centre များကို အသေးစိတ် လေ့လာခဲ့ ကြသည်။

လုံခြုံရေး တပ်ဖွဲ့များ၏  အခန်းကဏ္ဍကလည်း အရေးပါသည်။ အချို့ လက်နက်များကို ဇစ်ပါသော အိတ်ဖြင့် ထည့်၍ ကိုင်ထားကြသည်။ (တယောကို တယော အိတ်ထဲ ထည့်ထားသလိုမျိုး)။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးလည်း မချောင်။ ပိတ်ထားရသည့် လမ်းများ၊ အသုံးပြု ရမည့် လမ်းလွဲများ၊ အချို့နေရာများ တက္ကစီမဝင် ရတာတွေ၊ အချိန်အကန့် အသတ်ဖြင့် လမ်းဖွင့်ရခြင်းများ မျိုးစုံ ဖြစ်သည်။ မြန်မာပြည်သို့ အမေရိကန် သမ္မတ နာရီပိုင်းလောက် လာ ချိန်တွင် ကြုံရသည်များကို နမူနာ ထားပြီး ကမ္ဘာ့ ခေါင်းဆောင်များ စုံသည့် (၅)ရက်ကြာ အာဆီယံ ထိပ်သီး ကျင်းပရမည့် အချိန်ကို မှန်း ဆကြည့်ပါက အခြေအနေကို မြင် နိုင်မည်ဖြစ်သည်။

 

484170_283778475058421_1221184007_n

အငြင်းပွားမှုများနှင့် အာဆီယံ ထိပ်သီးအစည်းအဝေး

အစည်းအဝေး များထဲမှတောင် တရုတ် ပင်လယ် ပြဿနာကိုတော့ မီဒီယာများက စိတ်ဝင်တစား။ ရေပိုင် နက်နယ်နိမိတ် အငြင်းပွားနေသည့်  အာဆီယံ (၄)နိုင်ငံ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် တရုတ် တို့၏ကိစ္စကို ပြီးခဲ့သည့် ထိပ်သီး အစည်းအဝေးတွင် လည်း သဘောထား ထုတ်ပြန်ချက် မထုတ်ပြန် ခဲ့ခြင်းမှာ အာဆီယံ သမိုင်းတွင်  (၄၅) နှစ် အတွင်း ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဆိုခဲ့ကြသည်။

ကမ္ဘောဒီးယားတို့၏ ရပ်တည် ချက် အပေါ်လည်း အဝေဖန် ခံရမှုက မလွတ်။ အစည်းအဝေး ကျင်းပရာ Peace Palace အုတ်တံတိုင်း နံရံ တွင် တရုတ် သမ္မတအား လှိုက်လှဲစွာ ကြိုဆိုသည့် စာတမ်း၊ တရုတ်မှ ကမ္ဘောဒီးယားသို့ အကူအညီပေးမည့် ကတိများ၊ ကမ္ဘောဒီးယားက အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်နေချိန်တွင် တရုတ်ကို နေရာပေး သည်ဟု ထင် မြင်ချက် ရှိခြင်း များကြောင့် အမေရိ ကန်ကိုပါ ဝင်ရောက် ဆွေးနွေးစေ လိုကြသည့် သဘောမျိုး ရေးသား ကြသည်။

တောင်တရုတ်ပင်လယ် အငြင်းပွားမှုနှင့် ပတ်သက်၍ အစည်းအဝေးတွင် တင်းမာမှုအချို့ ရှိနေခဲ့သော် လည်းအစည်းအဝေး များ မှာ အောင် အောင်မြင်မြင် ဆွေးနွေးနိုင် ပုံရသည် ဟုခန့်မှန်းမိသည်။ ထို့နေ့ည ညစာစားပွဲ ကျင်းပရာသို့ တက်ရောက်လာသော ခေါင်းဆောင် များ၏ သွင်ပြင်သည် အရောင်တောက်တောက် ပိုးအင်္ကျီ များဖြင့် ပေါ့ပါး လန်းဆန်း နေပြီး အချင်းချင်းလည်း ရင်းနှီးနွေး ထွေးသည့် ပုံစံမျိုးဖြစ်ကြောင်း အကဲ ခတ်မှုတွေကို လည်း ကြားခဲ့ရသည်။

ဆွေးနွေးပွဲ များတွင် အာဆီယံ နိုင်ငံများ အချင်းချင်း သစ္စာစောင့် သိမှုများ နည်းပါး မသွားစေရန် မီဒီယာများက လှုံ့ဆော် ရေးသားခဲ့ခြင်း ကိုလည်း တွေ့ရသည်။

ဦးသိန်းစိန်က မြန်မာမီဒီယာ များသို့ ပြောကြားရာတွင် ”တောင် တရုတ်ပင်လယ် အငြင်းပွားမှု ကိစ္စ ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာ နိုင်ဖို့ အတွက် ဝိုင်းဝန်း ဆွေးနွေး ကြ တာ ကိုတွေ့ရပါတယ်” ဟုဆိုခဲ့သည်။

အာဆီယံသည် တိုင်းပြည် တစ်ပြည်၏ အကျိုး စီးပွားနှင့် ဒေသတွင်းနိုင်ငံများ အကျိုး စီးပွား ယှဉ်လာပါက ဒေသတွင်းကို ဦးစား ပေးရန်၊ ဒေသတွင်း နိုင်ငံများ အကျိုး စီးပွားနှင့် ကမ္ဘာကြီး၏ အကျိုးစီးပွား ယှဉ်လာပါက ကမ္ဘာကို ဦးစားပေးရန်၊ ဆုံးဖြတ်မည်ဖြစ်ပြီး ရှိသမျှ နိုင်ငံပေါင်းစုံ အဖွဲ့အစည်း များတွင် အာ ဆီယံသည်ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေ ရှင်းရင်း သိက္ခာရှိစွာ ရပ်တည်နေ ကြောင်း ထင်ရှားပါသည်။

 

ဦးသိန်းစိန်နှင့် မစ္စတာဟွန်ဆန်

အစည်းအဝေး ကျင်းပနေသည့် ကာလဖြစ်သော နိုဝင်ဘာ ၂ဝ ရက် နေ့ထုတ် The Cambodia Daily သတင်းစာတွင် သမ္မတ ဦးသိန်းစိန် နှင့် ဝန်ကြီးချုပ် ဟွန်ဆန်ကို နှိုင်းယှဉ် ရေးသားခဲ့ပြီး ဦးသိန်းစိန်သည် ညှိနှိုင်း ဖြေရှင်းတတ်သည့် အာဆီယံ ခေါင်းဆောင် ဖြစ်သည်ဟု ချီးကျူး ထားသည်။ ဦးသိန်းစိန်က မြန်မာ နိုင်ငံကို ယခင်နှင့် မတူ လွတ်လပ် သော ဒီမိုကရေစီနိုင်ငံ အဖြစ်သို့ ကူးပြောင်းနေချိန်တွင် မစ္စတာဟွန် ဆန်အား တရားရုံး၊ စစ်တပ်၊ ရွေးကောက်ပွဲ ကော်မရှင်၊ အမျိုးသား လွှတ်တော်၊ မီဒီယာ အစရှိသည်တို့ ကို ပိုမို ချုပ်ကိုင်ဖို့ ကြိုးစားနေ ကြောင်း ရေးသားထားခြင်း ဖြစ် သည်။

နှစ်နိုင်ငံဆွေးနွေးပွဲများ

နှစ်နိုင်ငံ သီးခြားဆွေးနွေးခြင်း များကို ပြုလုပ်နိုင်ရန် Peace Palace တွင် bilateral meeting room သီးသန့် အစည်းအဝေးခန်း များကို စီစဉ် ပေးထားသည်။ အနောက် နိုင်ငံများက သီးသန့်ရုံး ခန်းများကို ကိုယ်စီယူထား (ငှားရမ်း သည်လား မပြောတတ်) ကြသည်။ မြန်မာနိုင်ငံနှင့် သီးသန့် တွေ့ဆုံခဲ့ သော  နိုင်ငံများမှာ ထိုင်း၊ ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယတို့ ဖြစ်သည်။

ထိုင်းနှင့် တွေ့ဆုံဆွေးနွေးချိန် မကြာမြင့်သော်လည်း အင်ဒိုနီးရှား နှင့် ဆွေးနွေးမှုမှာ အချိန်ယူ ဆွေးနွေးသည်ကို တွေ့ခဲ့ရသည်။ ဦးသိန်းစိန် က မြန်မာ သတင်း သမားများနှင့် တွေ့ဆုံရာတွင် ရခိုင်ကိစ္စနှင့် ပတ်သက်၍ ဒေသတွင်းမှာရော၊ အရှေ့အာရှ အစည်းအဝေးမှာပါ မှန်မှန်ကန်ကန် သိအောင် ရှင်းပြနိုင်သည့် အခွင့်အရေး များ ရခဲ့သည်ဟု ဆိုခဲ့ သည်။ ရာထူးမှ နုတ်ထွက်ပေးရန် ဖိအားပေးခံနေရသည့် ဗီယက်နမ် ဝန်ကြီးချုပ်နှင့် သီးခြား ဆွေးနွေးမှု မရှိ သော်လည်း ဦးသိန်းစိန် နှင့် မစ္စတာ ငုယင်တန်ဇန်း တို့သည် ရင်းနှီးချစ် ခင်စွာဖြင့် အလွတ် သဘောပြောဆို နှုတ်ဆက်မှုများ ကိုမြင်တွေ့ရသည်။

484170_283778475058421_1221184007_n

အာဆီယံနှင့် ကမ္ဘောဒီးယားဘုရင်

လက်ရှိ ကမ္ဘောဒီးယားဘုရင်၏ ဖခမည်းတော် သီဟာနု (ပြီးခဲ့သည့် လလယ်က နတ်ရွာစံသွားသည်)  အား မြန်မာနိုင်ငံက သွားရောက် ဂါရဝပြုရန် စီစဉ်ထားသော် လည်း နှစ်နိုင်ငံ အစည်းအဝေး များ၏ အချိန်ဇယား ပြောင်းလဲမှုကြောင့် မသွားရောက်နိုင်ခဲ့ပေ။ ဘုရင့် ခမည်းတော် သီဟာနု ၏ရုပ်ကလပ် ကို (၃)လ ထားရှိမည်ဟု လည်း သိ ရပြီး နိုင်ငံတစ်ဝန်း လမ်းလယ်ကျွန်း များ၊ ဟိုတယ်များ၊ ရုံးများနှင့်နေရာ အနှံ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ဖဲကြိုးအဖြူနှင့် အမည်း ကွပ်ထားသော မင်းသားကြီး သီဟာနု၏ ပုံများကို ချိတ်ဆွဲထား သည်ကိုလည်း တွေ့ရသည်။ အစည်း အဝေး တက်ရောက်နေသော ကမ္ဘောဒီးယား များကလည်း ကုတ်အင်္ကျီ ရင် ဘတ်နေရာတွင် အဖြူအမည်း ဖဲပြားသေးလေး များကို စိုက်ထိုးထား ခြင်းဖြင့် တစ်ချိန်က ဝန်ကြီးချုပ်၊ ဘုရင်၊ မင်းသားကြီး ဖြစ်ခဲ့သူ သီဟနု အား ဂုဏ်ပြုသည်ကို သတိပြု မိသည်။ လက်ရှိ ကမ္ဘောဒီးယား ဘုရင် နှင့် ယခုကျင်းပသော အာဆီယံ ထိပ်သီး အစည်းအဝေးများ ပါဝင် ပတ်သက်မှုကိုတော့ မတွေ့ရပါ။

753_283778555058413_710937319_nညစာစားပွဲနှင့် လုံခြုံရေးပြဿနာ

ကမ္ဘာ့ခေါင်းဆောင်များ တက် ရောက်သည့် ဂါလာ ညစာစားပွဲ  ကျင်းပသည်တွင် နိုင်ငံ့ခေါင်းဆောင် များ ဆိုက်ရောက်ရန် နေရာသည် ဆင်ဝင် (ပေါ်တီကို) အောက် အ စား သီးသန့် အလုံပိတ် ရွက်ဖျင် အဆောက်အအုံမှ တစ်ဆင့် ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဇနီးတို့ ကြိုဆိုနှုတ် ဆက်ရာ ခန်းမသို့ ဝင်ရသည်။ ထိုနေရာတွင် မီဒီယာသမား များက မှတ်တမ်း ပုံများ ရိုက်ကြသည်။ ခေါင်းဆောင် တစ်ဦးချင်းစီ ဝင်ရောက် နှုတ်ဆက်ပြီး နားနေခန်းတွင် နေကြကာ လူစုံသည့် အခါ အုပ်စုပုံများ ထပ်မံ အရိုက်ခံ သည်။ ထို့နောက် ညစာ တည်ခင်းထားရာ ခန်းမသို့ သွားကြသည်။ ထိုခန်းမသို့ မီဒီယာသမား တို့က လိုက်သွား၍ မရ။ အကယ်၍ ကြိုဆို နှုတ်ဆက်ခန်း နှင့် ညစာခန်းမ တို့ နှစ်နေရာလုံးကို သတင်း ရယူလိုပါက နှစ်ဖွဲ့ ခွဲထားရမည့်သဘော။

နှုတ်ဆက်ခန်းမှ မီဒီယာသမား များကို အပြင်ထွက်ခိုင်းပြီး ညစာခန်းမသို့ အပြင်ဘေးပေါက်မှ ဝင်ရန် ကမ္ဘောဒီးယား လုံခြုံရေးတို့က ပြောသော်လည်း အဆောက် အအုံ ၏ ဘေးပေါက်တွင် အမေရိကန် လုံခြုံရေးတို့က ပေးမဝင်တော့ချေ။ ထိုအခါ ကိုရီးယား မီဒီယာ တစ်ဖွဲ့နှင့် အမေရိကန် လုံခြုံရေးတို့ အချေ အတင်စကားများ ကုန် ကြတော့သည်။ ထိုအနားတွင် ရှိသော ကမ္ဘောဒီးယား လုံခြုံရေး တို့လည်း ဘာမျှဝင် စီမံခွင့်မရ။ သို့ကြောင့် ကိုရီးယား တို့က အိမ်ရှင် ကမ္ဘောဒီးယားကိုပါ ပြစ်တင်ပြော ဆိုတော့သည်။ အခြား သော သတင်းဌာန များမှလည်း ထို ဖြစ်စဉ်ကို မှတ်တမ်း တင်နေကြသည်။

ထိုကဲ့သို့သော ပြဿနာများ ကို မိမိတို့မြန်မာက အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပစဉ်တွင် မဖြစ်စေလိုပါ။ နိုင်ငံတကာ မှ မီဒီယာသမား များသိ ရှိထားရမည့် အကြောင်းများ ကို အသေးစိတ် ထုတ်ပြန်ပေးထားဖို့၊ စီမံခန့်ခွဲမှုများနှင့် ပြဿနာများ ဖြေရှင်းခြင်းတွင် ဘာသာစကား ကျွမ်းကျင်၍ အမြော်အမြင် ရှိသော ပုဂ်္ဂိုလ်များစွာ ရှိနေဖို့လိုသလို တာဝန်ပေးခံ ရသည့်ဝန်ထမ်းများ (ယာဉ်မောင်းနှင့် ဟိုတယ် ဝန်ထမ်းများက အစ) ကလည်း၊ သွက်လက် ဖျတ်လတ်မှု၊ စေ့စပ်သေချာမှု၊ အကင်းပါးမှု၊ ရိုးသားမှု၊ အိနြေ္ဒ တည်ကြည်မှု ရှိနေကြရန် လိုပါမည်။ ပြည်သူများ ကလည်း ကြင်နာတတ်မှု၊ ဖော်ရွေမှု၊ ကူညီ ရိုင်းပင်းတတ်မှု၊ ယဉ်ကျေး သိမ်မွေ့မှု၊ သန့်ရှင်း သပ်ရပ်မှု တို့ဖြင့် နိုင်ငံ အဆင့်မြင့်မှု ဖော်ဆောင် ကြပြီး အာဆီယံ စိတ်ဓာတ် တို့ဖြင့် လာရောက်မည့် ဧည့်သည် တို့ကို နွေးထွေးစေခြင်း တို့ဖြင့် ၂ဝ၁၄ အ တွက် ကြိုတင် ပြင်ဆင်ကြပါစို့။

178960_283778858391716_211235880_n

လွင့်ပျံနေမည့် ညီညွတ်ရေးတေးသံ

မြင့်မားသော စတီးလ် တိုင်ကြီး များ ထိပ်ဆီမှ နိုင်ငံတော် အလံများ လေတွင် တဖျပ်ဖျပ် လွင့်သံများက ညီညွတ်ရေး စကားသံများ ဖလှယ်နေသည့် အလား။ အာဆီယံ အသိုက်အဝန်း မှာရှိသော နိုင်ငံသားများ သည်ရော စည်းလုံး ညီညွတ်မှု တေး ကို မည်ကဲ့သို့ ပုံဖော်သီ ကြွေးကြမည်နည်း။ ထိုသီကြွေးမည့် အားမာန်တို့ သည် အားလုံး၏ အနာဂတ်ပင်ဖြစ် လိမ့်မည်ဟု ယုံကြည်ပါသည်။

CPR -        Committee of Permanent Representatives to ASEAN

SOM -       ASEAN Senior Officials’ Meeting

SEOM -     ASEANSenior Economic Officals’ Meeting

DSG -       ASEAN Deputy Secretaries-General

AMM -     ASEAN  Foreign Minister Meeting

AEM -      ASEAN Economic Ministers

APSC -    ASEAN  Political-Security Community

ACC -      ASEAN Coordinating Council

APT -      ASEAN Plus Three

ငွေသော်တာ