“လရဲ့တိမ်”

228923_266358523467083_1182067507_n

မင်းနဲ့ငါ
ဆုံတော့ဆုံတာပဲ
ဒီစကြာဝဠာထဲမှာ
လှပစွာဆုံစည်းဖို့ မလွယ်လည်း
မလှပတဲ့ တိတ်တခိုး အချစ်တွေနဲ့
မင်းငဲ့ကြည့်လည်း ငါမျှော်ငေးနေမှာမဟုတ်
မင်းသံသယ၀င်လည်း ငါအထင်ခံမှာမဟုတ်
မင်းအဖက်မလုပ်လည်း ငါဂရုစိုက်မှာမဟုတ်
တိမ်ဟာ လအနားမှာလို့ထင်ရပေမယ့်
တကယ်တော့ အဝေးကြီးပါပဲ
မင်းသာတိမ်ဆိုရင်
ငါတိမ်စင်လ မဖြစ်ချင်တော့ပါ…….

ငွေသော်တာ