ရွှေတံခါးကြီး ပွင့်လာပြီ

တိုကျိုမြို့ မြင်ကွင်း

တကယ်တော့ ဒီခရီးစဉ် က သာမန် ချစ်ကြည်ရေး ခရီးစဉ် သက်သက် မဟုတ်ပါ။ မြန်မာနှင့် ဂျပန် နှစ်နိုင်ငံ ကြားတွင် သမိုင်းကြောင်း က ရှည်ရှည် လျားလျား ရှိခဲ့သည်။ သို့သော် နောက်ပြန် မလှည့်စတမ်း ဟူသော လူသိထင်ရှား ကတိ စကားများနှင့် အတူ ဒီခရီးစဉ် ကလည်း အတိတ်သို့ လည်ပြန်သော ခရီးမဟုတ်။ နှစ်ပေါင်း (၂၈) နှစ် အတွင်း မြန်မာနိုင်ငံ၏ အဆင့်အမြင့်ဆုံး အရပ်သား အစိုးရ အကြီးအကဲ တစ်ဦး၏ အရေးပါသော ခရီးတစ်ခု။
ကျွန်မတို့ လိုက်ပါခဲ့ရသော ယခု ခရီးစဉ်မှာ မဲခေါင်-ဂျပန်ထိပ် သီးအစည်းအဝေး၊ ဂျပန်-မြန်မာ ထိပ်သီး အစည်းအဝေးနှင့် ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ပါသည်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ထိုခရီးစဉ်တွင် ပြည်ထောင်စု ဝန်ကြီး ငါးဦးနှင့် ဒုဝန်ကြီး တစ်ဦး လိုက်ပါခဲ့ ကြသည်။
မဝေးသော အတိတ်၊ လွန်ခဲ့ သောသုံးနှစ် ၂ဝဝ၉ ခုနှစ်တွင် တပ်မတော် အစိုးရ၏ ဝန်ကြီးချုပ် ရာထူးဖြင့် သွားရောက်ခဲ့ဖူးသည့် အခြေအနေနှင့် မတူခြားနားသော သမ္မတ၏ မှတ်တမ်းဝင်ခရီး။

ဧပြီ ၁၉ရက်နေ့ ညနေ သုဝဏ္ဏဘူမိ လေဆိပ်တွင် တစ်ထောက်နားစဉ် ထိုင်းနိုင်ငံခြားရေး အတွင်းဝန်မှ လာရောက် တွေ့ဆုံခဲ့သည်

ဘန်ကောက်ခရီးတစ်ထောက်နှင့်တံခါးပေါက်များ
ဧပြီ ၁၉ရက်။ ခရီးတစ်ထောက်  သုဝဏ္ဏဘူမိ လေဆိပ် အဆောက်အအုံ အတွင်း အနာဂတ်ရေးရာများ ဆွေးနွေးခဲ့ကြသည်။ မြန်မာနှင့် ထိုင်း ဆိုသည်မှာ တစ်မြေ တည်း၊ တစ်ရေ တည်းဟု ပြောနိုင်သည့် အိမ်နီးချင်းတွေ။ ဘာသာရေး ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ သယံဇာတပေါ ကြွယ်ဝမှုက မတိမ်းမယိမ်း။ သို့သော် အရှေ့တောင်အာရှ၏ ကျားတစ် ကောင်အဖြစ် ထိုင်းတို့ ရပ်တည်နိုင်ခဲ့ သည်က ကြာခဲ့ပြီ။ ဒါ ငြင်းမရသည့် အမှန်တရား ဖြစ်သည်။
မနာလိုသလိုမျိုး များနဲ့ တစ်ချိန်က ရွှေထီးဆောင်းခဲ့သည် ဆိုသော အတွေးဖြင့် မရှိတော့သည့် အရိပ်အောက် ကျွန်မတို့ အိပ်ပျော် ကျန်ရစ်ခဲ့ဖို့ အချိန် မရတော့ တာ သေချာပါသည်။ အရှိတရားကို လက်ခံ ကာ မခံချင်စိတ်သာ မကဘဲ ရှိသမျှအင် နှင့်အား သုံး၍ ရုန်းထရန် အတွက် နှေးကွေးနေလို့ မရတော့ပါ။
သုဝဏ္ဏဘူမိ လေဆိပ် ၏ နားနေဆောင်တွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အတွင်းဝန် တစ်ဦး ဖြစ်သည့် မစ္စတာ ချာလာပွန်က သမ္မတ ဦးသိန်းစိန်အား လာရောက် တွေ့ဆုံ နှုတ်ဆက်ကာ နှစ်နိုင်ငံ ကိစ္စများ ဆွေးနွေးခဲ့ကြသည်။ သမ္မတ က ဟိုတယ် လုပ်ငန်းရှင်များ မြန်မာနိုင်ငံ တွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ရာ ထိုင်း ဘက် ကလည်း အလွန် စိတ်ဝင်စားပါကြောင်း၊ နိုင်ငံတကာ ခရီးသည် များက ဘန်ကောက် ကို အခြေခံ၍ မြန်မာသို့ သွားရောက် နေရာ တစ်ပတ် လျှင် လေ ယာဉ်ခေါက် ရေ ၆ဝ လောက် ပြေးဆွဲနေရသည် ကို ကြားသိရကြောင်း၊ လာအို -မြန်မာ -ထိုင်း လမ်းဖောက်လုပ်ရေး နှင့် ဘန်ကောက်- ထားဝယ် ရေနက် ဆိပ်ကမ်း လမ်းဖောက်လုပ်ရေး တို့ကို လည်း စိတ်ဝင်စားကြောင်း ခရီးသွား များလာပါက ဘုရား သုံးဆူ-မော်လမြိုင်၊ ထားဝယ်-ကန်ချနပူရီ တို့ကို လည်း လမ်းဖောက် သင့်ကြောင်း တို့ကို အပြန် အလှန် ဆွေးနွေးကြသည်။
သမ္မတ က နယ်စပ်ရှိ လက်နက်ကိုင် အဖွဲ့များနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေပြီမို့ ပြည်သူများ အေးချမ်းတော့မည့် အကြောင်း၊ နယ်စပ် တစ်လျှောက် အလုပ်အကိုင် အခွင့် အလမ်းများ ပေါ်စေရန် အတွက် စက်ရုံများ တည်နိုင်ဖို့ မျှော်လင့် ထားကြောင်း၊ နယ်စပ် အေးချမ်းမှသာ နှစ်နိုင်ငံ မူးယစ်ဆေးဝါး တားဆီးရေး ကိစ္စကို ထိ ထိရောက်ရောက် လုပ်နိုင်မည်ဟု ဆိုခဲ့သည်။ မစ္စတာချာလပွန် က မြန်မာ အလုပ် သမားများ၏ ယာယီ ဗီဇာရရှိရေး ဆောင်ရွက်ပေးမှု အခြေအနေ တို့ကို ရှင်းလင်းတင်ပြ ခဲ့ပြီး ရက်သတ္တ ပတ် အတွင်း ထိုင်းနိုင်ငံ ကုန်သည်ကြီးများ အသင်းမှ လုပ်ငန်းရှင် ၈ဝ ဦးခန့်လည်း မြန်မာသို့ ရင်းနှီးမြှုပ်နှံ ရန် လာရောက်လေ့လာဖို့ ရှိကြောင်း တို့ ကိုဆွေးနွေးခဲ့သည်။
နယ်စပ်ရှိ လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေ၍ နှစ်နိုင်ငံ ပြည်သူများ အေးချမ်းတော့မည်ဟု သမ္မတက မင်္ဂလာနိမိတ် စကားဆိုခဲ့သည်။ ထိုနေ့ သည်မဝေးတော့ဟု ကျွန်မ လည်း ယုံကြည်မျှော်လင့်ပါသည်။ တကယ်တော့ သံသယများ၊ သဘောထား ကွဲလွဲမှုများနှင့် အမုန်းတရား များသည် အရာရာကို ဖျက်ဆီးနိုင် စွမ်းသော လက်နက်များ မဟုတ်ပါလော။

နိပွန်ပြည် သို့မဟုတ် နေဝန်းနီ မျှော်လင့်ချက်များ
လေယာဉ်က ဝေဟင်ထဲမှာ ဦးတည်ရာ အရပ်ဆီသို့ ပျံသန်းနေသလို ကျွန်မအတွေး များကလည်း ထို့အတူဟု ဆိုရမည်။ နာကျည်းမှုများ၊ အငြိုးတရားများ မရှိတော့ ဟု ဆိုသည့်တိုင် အတိတ်က ကျွန်မ တို့နိုင်ငံ၏ သမိုင်းဖြစ်စဉ်ထဲတွင် အမာရွတ်များ အဖြစ်တော့ မပျောက် မပျက် ကျန်နေပါသေးသည်။
ကိုလိုနီ စနစ်၏ အမွေဆိုးနှင့် ပြည်သူများ၏ မြေစာပင် ဘဝများစွာ အတွက် တချို့သော တန်ဖိုးများက အစားထိုးမရဟု ထင်သည်။ သို့သော် CSR ကိုတွင်တွင် ကျယ်ကျယ် ပြောဆို အသုံးချသော ဂျပန်နိုင်ငံ သည် တစ်ချိန်က အထောက်အပံ့ အကူအညီများ ပေးခဲ့သည်။ သို့ပေသည့် ၁၉၈၈ တွင် ရပ်ဆိုင်းခဲ့သော ချေးငွေ အစီ အစဉ်နှင့် ပေးဆပ်ရန် ကျန်သော ကြွေးမြီများ အကြောင်း ကျွန်မတွေး မိတော့ ရင်မောမိ သည်က အမှန်။
အတွေးများဖြင့် စိတ်လှုပ်ရှား နေခဲ့သော ကျွန်မ၊ တိုကျိုကို ဘွားခနဲ အတွေ့တွင် အရင်ဆုံး ခံစားမိသည် က ကြွယ်ဝမှုနှင့် စနစ်ကျနမှု။ သပ်ရပ်ကောင်းမွန်သော လမ်းများ တစ်လျှောက် ဖြတ်သန်းစဉ် လမ်းဘေး ဝဲယာတွင် ဖန်တီးထားသော အသံထိန်း နံရံကြီးများ။ ထို့အပြင် ကားလမ်းမကြီး တစ်လျှောက် မြေယာ ရှုခင်း အလှဆင် ထားသည် က ခရီး မငြီးအောင် ဖျော်ဖြေနေသလို ခံစားမိသည်။ ချမ်းသာကြွယ်ဝ၍ လုပ်နိုင်သည် ဆိုတာထက် သူတို့၏ မြို့ပြ စီမံကိန်းနှင့် နည်းပညာ စနစ်ကျနမှု ကလေ့လာ အတုယူစရာ ဖြစ်သည်။
ကားလမ်း အလယ်ကျွန်းများ တွင်လည်း နှစ်ပေခွဲ့ခန့် အမြင့် ရှိမည့် ဘုတ်ပြားများ ထောင်ထားပြီး အပင်ငယ်များ နွယ်တက်နေစေရန် ဖန်တီးထားခြင်းမှာ မျက်နှာ ချင်းဆိုင် မှ မောင်းလာသော ကား မီးရောင် များကြောင့် အနှောင့်အယှက်နှင့် မတော်တဆ မဖြစ်စေရန် ထို ဘုတ်ပြားများက အရံအတား ပြု လုပ်ပေးထားခြင်း ဖြစ်မည်။
လမ်းတစ်ခု တည်ဆောက်ရာ၌ပင် ယင်းကဲ့သို့ အသေးစိတ် တွက်ချက် စီစဉ် ထားနိုင်မှုက ဂျပန် ဘာ ဆိုသည် ကို လှစ်ဟပြ နေသကဲ့သို့ ဖြစ်သည်။ ဒါတွေ မြင်မိတော့ ကျွန်မ တို့အားလုံးရဲ့ Team Work ပိုမို မြှင့်တင်ရတော့မည် ဆိုသည့် အချက် ပေးသံကဲ့သို့ ခံစားရသည်။
မြေနေရာ ရှားပါးသော ဂျပန်တွင် မြင့်မားသော အဆောက်အအုံ များက အများအပြား။ သို့သော် လှလှပပ၊ သပ်သပ်ခန့်ခန့်။ ပြီးတော့ စိမ်းစိုသော အပင်များကို တမင် ဖန်တီး လုပ်ယူကာ သဘာဝကို ထိန်းသိမ်း နိုင်ရန်လည်း ကြိုးစားထားသည်။
ဂျပန်ကတော့ ကျွန်မတို့ကို ခန့်ခန့် ညားညား ဆီးကြိုနေပြီ ဖြစ်သည်။

အီတိုးချု ကုမ္ပဏီမှ တာဝန်ရှိသူ အချို့နှင့် အတူ တွေ့ရသော Capital Diamond Star Group မှ MD ဦးကိုကိုကြီး (တတိယမြောက် မျက်မှန်တပ်ထားသူ)

မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေး၏ ရလဒ်များ
ယခုကျင်းပသည့် စတုတ္ထအ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးမှ လှုပ်ရှားမှုများ၊ ထုတ်ပြန်မှုများကို သတင်းစာများ၊ ဂျာနယ်များတွင် ဖော်ပြပြီး ဖြစ်သဖြင့် အသေးစိတ် မရေးတော့ပြီ။ ယခင် သုံးနှစ်စီမံကိန်း ဖြစ်သည့် မဲခေါင်-ဂျပန် လုပ်ငန်းစီမံချက် ၆၃ (၂ဝ၁ဝ-၂ဝ၁၂)တွင် မဲခေါင်(၅)နိုင်ငံ၏ အကောင်အထည် ဖော်နိုင်ခဲ့မှု တို့ကို ထုတ်ပြန်ထားရာ မြန်မာ အနေဖြင့် ‘အဓိက ကူးစက်ရောဂါများ ထိန်းချုပ်ရေး စီမံချက်’ တစ်ခုသာလျှင် အထောက်အပံ့ ရခဲ့သည်။ ပိတ်ဆို့မှုတို့ ၏သက်ရောက် မှုကြောင့် လားတော့ မသိပေ။ ထိုအချိန်က ထိုင်းနိုင်ငံ က စီမံကိန်း ၃ ခု၊ လာအို က ၄ ခု၊ ဗီယက်နမ်က ၅ ခု၊ ကမ္ဘောဒီးယား နိုင်ငံက ၆ ခုအထိ အထောက်အပံ့ ရခဲ့သည်။ ယခုနှစ် စီမံကိန်းလျာ ထားချက်တွင် ဗီယက်နမ်၏ စီမံကိန်း ၂၆ ခု၊ ထိုင်းအတွက် ၄ ခု၊ လာအို အတွက် ၇ ခု၊ ကမ္ဘောဒီးယား အတွက် ၈ ခု၊ မြန်မာနိုင်ငံ အတွက် စီမံကိန်း ၁၂ ခုတို့ကို လျာထားသည်။ (မြန်မာ အတွက် လျာထားသည့် စီမံကိန်း ၁၂ ခုတို့ကို ယခင် အပတ် ထုတ် ပေါ်ပြူလာနယူးစ် ဂျာနယ် အချပ်ပို K တွင် ဖော်ပြပြီး ဖြစ်သည်။) ယခု စီမံကိန်းများသည် လျာထားချက် များသာဖြစ်ပြီး မကြာခင် ကျင်းပမည့် မဲခေါင်နိုင်ငံများ၏ ဘဏ္ဍာရေး ဝန်ကြီး များပါဝင်သော အစည်းအဝေး တစ်ခု ပြီးမှသာလျှင် မည်သည့်နိုင်ငံက မည်မျှပမာဏ ခံစားရမည်ကို အသေးစိတ် သိရမည်။ ယခုနှစ် တက်ရောက်သော မဲခေါင်နိုင်ငံ ခေါင်းဆောင် များထဲတွင် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ် သည့် ယင်လပ် လည်း ပါဝင်ရာ ကျန်အစိုးရ ခေါင်းဆောင်များက နိုင်ငံကြီးသား ပီသသည့် ယဉ်ကျေးမှု လက္ခဏာများဖြင့် လွန်စွာ ဦးစားပေးကြောင်း ကိုလည်း သတိပြု မိသည်။
မဲခေါင်နိုင်ငံများမှ ခေါင်းဆောင် များအား ဂျပန် စီးပွားရေးလုပ်ငန်း အဖွဲ့နှင့် ဂျပန် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းတို့မှ ဧပြီ ၂ဝ ရက်နေ့ တွင် နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံရာ သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးလှထွန်း၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းမြင့်၊ ဒေါက်တာဝင်းမြင့်၊ UMFCCI နာယက ဦးအောင်ကိုဝင်း၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် တို့တက်ရောက် ခဲ့ကြသည်။

ဂျပန်-မြန်မာ ထိပ်သီး အစည်းအဝေး၏ ရလဒ်များ
-    မြန်မာနိုင်ငံက ပေးရန်ရှိသည့် ကြွေးမြီ လက်ကျန်များ အနက်မှ ၆ဝရာ ခိုင်နှုန်းကို ဂျပန်နိုင်ငံမှ လျှော်ပေးခြင်း၊
-    သီလဝါ စီမံကိန်းတွင် ပူးပေါင်း ဆောင်ရွက်ရန် ကြံရွယ်ချက် မှတ်တမ်း (MOI)ရေးထိုးခြင်း၊
-    အတိုးနှုန်း သက်သာစွာဖြင့် ဖွံ့ဖြိုးရေး အထောက်အပံ့ (ODA) တို့ကို ရရှိခဲ့သည်။

ချစ်ကြည်ရေးခရီး၊ လေ့လာရေးခရီး
ထိပ်သီး စည်းဝေးပွဲများ ပြီးချိန်တွင် မဲခေါင် နိုင်ငံများ တစ်နိုင်ငံပြီး တစ်နိုင်ငံ ပြန်သွား ကြသော်လည်း မြန်မာနိုင်ငံ တစ်ဖွဲ့သာလျှင် တွေ့ဆုံ ဆွေးနွေးမှု များဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေး စာမျက်နှာများကို မှတ်တမ်းတင်ရန် ကျန်ရစ်ခဲ့ကြသည်။
လေ့လာရေးခရီး အနေဖြင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံသို့ သွားaရာက်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာတော့မည့် မြန်မာနိုင်ငံတွင် မဖြစ်မနေ လိုအပ်နေသော လျှပ်စစ် စွမ်းအင် အတွက် ပိုမို လက်တွေ့ကျသော ရွေးချယ်စရာ၊ စဉ်းစားစရာ တို့ကို လေ့လာခွင့် ရသည်ဟု ဆိုရမည်။ ပထမဦးဆုံး သွားသည့် TEPCO ကုမ္ပဏီက ဂျပန် ဧရိယာ ၏ ၁ဝ ရာခိုင်နှုန်း၊ ဂျပန် တစ်နိုင်ငံလုံး လူဦးရေ၏ ၃၄ ရာခိုင်နှုန်းကို မီးပေး နေသည့် ပါဝါ stations ၁၅ ခု ရှိ ကုမ္ပဏီကြီး။ မဲခေါင်နိုင်ငံ များ၏ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အကောင်အထည်ဖော်ရေး လုပ်ငန်းများကို အကြံပြု ပေးနေသော ကုမ္ပဏီ။ ဘီလူးချောင်း ရေအား လျှပ်စစ်(၂) ပြန်လည် ပြုပြင်ရေးနှင့် တိုးမြှင့် အကောင် အထည်ဖော်ရေး တို့အတွက် လည်း လုပ်ဆောင်နေ သကဲ့သို့ ပေါင်းလောင်း ရေအား လျှပ်စစ် စက်ရုံ နည်းပညာ ဆိုင်ရာ ဖွံ့ဖြိုးရေးကိုလည်း ကူညီပေးခဲ့ဖူးသည်။
၎င်းကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အား စက်ရုံများမှာ ၄ ခုရှိပြီး၊ ယခု ကာဝါဆာကီတွင် ရှိသော စက်ရုံမှာ ဓာတ်ငွေ့ရည်သုံး စက်ရုံ (၁၅ဝဝ MW ထုတ်လုပ်) ဖြစ်သည် ။  ကျောက်မီးသွေး လောင်စာသုံး စက်ရုံ ၁ ရုံ၊ ဒီဇယ် သုံးစက်ရုံ ၁ ရုံနှင့် နောက်ထပ် ဓာတ် ငွေ့ရည် သုံးစက်ရုံ ၁ ရုံပါ အခြား မြို့များတွင် ရှိသေးသည်။
ဓာတ်ငွေ့ရည် လောင်စာဖြင့် ရေနွေးငွေ့ ထုတ်ကာ ၄င်းမှ လျှပ်စစ် တာဘိုင်စက်ကြီး များအား လည်စေပြီး ဂျင်နရေတာများမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ် ပေးခြင်းဖြစ် သည်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနည်း သော ဤနည်းကို ကမ္ဘာတစ်ဝန်းက အခြား ရုပ်ကြွင်းလောင်စာ သုံးခြင်းထက် ပိုမို အားပေးကြသည်ဟု ဆိုသည်။
သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်မည် ဆိုပါက ရေအား လျှပ်စစ်က စရိတ် အသက်သာဆုံး ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည် ဟုလည်း သိရသည်။
TEPCO ကလည်း စိတ်ရှည်လက်ရှည် ရှင်းပြသလို မြန်မာဘက်က လည်း သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများက ဖြစ်ပေါ်နေသည့် အခက်အခဲများ အတွက် အမြန် ဆုံး ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ စရိတ်များ၊ အချိန်ကာလများကို အသေးစိတ် မေးမြန်းကြသည်။ ကျွန်မ တွေးနေမိသည်က ဤလေ့လာရေး ခရီးမှ ကျွန်မတို့နိုင်ငံ အတွက် ဘာရနိုင်မလဲ ဆိုသည်ကိုသာ ဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ် အခြေအနေက အမြဲတမ်း ရယ်သွမ်းသွေး အလှောင်ပြောင်ခံ စရာ ဖြစ်နေဆဲ မဟုတ်လား။ အားနည်း ချက်နှင့် လိုအပ်ချက်များ ပြင်ဆင်ကာ တိုင်းပြည် အတွက် အသုံးဝင်မည့် အရာများကို ကျွန်မတို့ အတုယူ ဖြည့်ဆည်းနိုင်ရမည်။

သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု အနည်းဆုံး J Power လျှပ်စစ်ဓာတ်အားပေးစက်ရုံ

ဒုတိယမြောက် သွားရောက်သည့် စက်ရုံက ကျောက်မီးသွေး လောင်စာသုံး J power (Isogo)  လျှပ်စစ် ဓာတ်အားပေး စက်ရုံ။ ၄င်း ကုမ္ပဏီ၏ နည်းပညာသည် အဆင့် အမြင့်ဆုံး၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အနိမ့်ဆုံးဖြစ်ပြီး ၄င်းနည်းပညာကို အာရှဖွံ့ဖြိုးမှုတွင် အသုံးပြု လိုသည်ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန်က ”မြန်မာ ပြည်သားများ အလုပ်အကိုင် အခွင့်အလမ်း တိုးတက် များပြားရန် စက်ရုံများ များပြားဖို့ လိုအပ်ကြောင်း၊ ၄င်း စက်ရုံများ အတွက် လျှပ်စစ် ဓာတ်အား က အဓိက လိုအပ်ချက် ဖြစ်နေပြီး ကျောက်မီးသွေး လောင်စာ အသုံးပြု၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ပါက သဘာဝ ဆိုးကျိုးများ ရှိနိုင်သည်ဟု သိထားရာ J power က သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု အနည်းဆုံး ဖြစ်အောင် မည်ကဲ့ သို့ လုပ်ဆောင်ပါ သနည်း” ဟု မေးမြန်းခဲ့ရာ ကျောက်မီးသွေးကို အကောင်းစား မှာယူခြင်း (ကျောက်မီးသွေး သည် ကာဗွန်မှ ဖြစ်သော်ငြား အခြားပါဝင်မှု ရှိနိုင်၊ ဥပမာ- ဆာလဖာပါခဲ့ပါက လောင်ကျွမ်း၍ ထွက်လာသော အငွေ့သည် အက်ဆစ် မိုး ဖြစ်စေနိုင်) ၊ ရောက်ရှိလာသော ကျောက် မီးသွေး များကို လုံခြုံစွာ စနစ်တကျ သိုလှောင်ခြင်း၊ ထုတ်ယူသည့် လမ်းကြောင်း တစ်လျှောက် တွင် လည်း ကျောက်မီးသွေး မှုန်များ လေထုထဲ မပျံ့စေရန် ပိုက်လိုင်းတွင်း ကွန်ဗေယာဖြင့် ပို့ဆောင်ခြင်း၊ Ultra Super Critical (USC) သုံး၍ ကာဗွန်ဒိုင်အောက်ဆိုဒ် များ ဖယ်ရှားခြင်း ၊ NOx,SOx ဖယ်ရှားသည့် စနစ်များကို ထည့်သွင်း အသုံးပြုထားခြင်း၊ ဆူညံမှု၊ တုန်ခါမှု၊ အပူတို့ကို ကာကွယ်သော နည်းများကို အသုံးပြုပါကြောင်း ဖြေကြား သည်။ လေ့လာသည့် အခါတွင်လည်း မီးခိုးခေါင်းတိုင်မှ ရေငွေ့ သာသာပဲ ထွက်သည်ကို တွေ့မြင်ရသည်။ သမ္မတက ၁ဝဝဝ မဂ္ဂါဝပ် စက်ရုံတည်လျှင် ကြာမြင့်မည့် အချိန်ကို မေးရာ ၄င်းတို့က ၃ဝဝ မဂ္ဂါဝပ် ရှိသည့် စက်ရုံ ၃ ရုံ ဆောက်လျှင် ပိုသင့်တော်ကြောင်း၊ စက်ရုံဆောက် ချိန် ၂ နှစ်ခွဲ၊ ကျောက်မီးသွေး ချရန် ဆိပ်ကမ်း ဆောက် ချိန် တစ်နှစ်ခွဲခန့် ကြာနိုင်မည် ဟု ခန့်မှန်းပြောဆိုသည်။ မြေအကျယ်မှာမူ အထပ်မြင့် များဖြင့် ကျစ်ကျစ်လျစ်လျစ် ဆောက်ပါက တစ်မျိုး၊ ကျောက်မီးသွေးကို ဖြန့် သိမ်းမည် ဆိုပါက တစ်မျိုး။ မိမိတွင် ရှိသော မြေအနေအထား အလိုက် ပုံစံ ရေးဆွဲနိုင်ကြောင်း ရှင်းပြ သည်။ ထိုအခါ သမ္မတက လျှပ်စစ်က အခုကိုပဲ ရန်ကုန်မှာ လိုနေပြီ၊ စက်ရုံ မြန်မြန် ဆောက်နိုင်ရင် ပြည် သူ တွေ မြန်မြန် အကျိုးခံစားရမယ်။ အမြန်ဆုံး နည်းလမ်းတွေကို အကြံပြုပါဦးဟု ဆိုသည်။
ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း က သင်္ဘောဖြင့် လျှပ်စစ် ဓာတ်အား လိုက်လံ ဖြန့်ဖြူးပေးနိုင် ပါသလားဟု မေးရာ ထိုကဲ့သို့ ပြုလုပ် ပေးနိုင်သည့် အစီအစဉ် မရှိ ပါကြောင်း၊ ၄င်း အစီအစဉ်သည် အရေးပေါ် အခြေအနေ မျိုးမှာသာ သုံးစွဲလေ့ ရှိပြီး အမြဲတမ်း အတွက် အဆင်မပြေနိုင် ပါကြောင်း ဖြေကြားသည်။
သမ္မတက အပူစွမ်းအင်နှင့် ပတ်သက်ပြီး ထုတ်လုပ်မှု စရိတ်တို့ကို အခြားလောင်စာ လျှပ်စစ်များနှင့် နှိုင်းယှဉ် မေးမြန်းခဲ့ရာ အပူ စွမ်းအင်ဖြင့် ထုတ်သော လျှပ်စစ် ဈေး ပိုကြီး ရခြင်းမှာ ကနဦး တပ်ဆင်ခ များကြောင့် ဖြစ်သည်ဟု ဖြေကြားသည်။ နေရောင်ခြည်မှ အပူ တို့ကြောင့် မြေပူ၍ ၄င်းမှ တစ်ဖန် ရေငွေ့ ထုတ်သည့် စနစ် geothermal energy ဖြင့်လည်း လျှပ်စစ် ထုတ်နေကြောင်း သိရသည်။ ၄င်းစနစ်သည်လည်း အီကွေတာနှင့် မဝေးသည့် မြန်မာနိုင်ငံကဲ့သို့ သမပိုင်း၊ အပူ ပိုင်း ဒေသများ အတွက် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် တစ်မျိုး ဖြစ်သည်။
သမ္မတကြီးသည် ဂျပန်နိုင်ငံ၏ လျှပ်စစ် ထုတ်လုပ် ဖြန့်ဖြူးရေးနှင့် စပ်လျဉ်း၍ တစ်ယူနစ် ကုန်ကျစရိတ် ပြည်သူများက ပေးဆောင်ရသည့် နှုန်းထား စက်ရုံတည်လျင် အမြန်ဆုံး ပြီးစီးနိုင်မည့် နှစ်ကာလတို့ကို မေးမြန်းခဲ့ရာ ထုတ်လုပ်မှု စရိတ်များသည် နိုင်ငံတစ် နိုင်ငံနှင့် တစ်နိုင်ငံ တူနိုင်မည် မဟုတ်ဘဲ မြန်မာနိုင်ငံ ကဲ့သို့ သယံဇာတ ပေါများသည့် နိုင်ငံအနေဖြင့် ကုန်ကြမ်းထက် သယ်ယူ ပို့ဆောင်စရိတ်မျိုးက သာ စဉ်းစားစရာဖြစ်နိုင်ကြောင်း ပြောသည်။
မြန်မာနိုင်ငံရှိ တီကျစ်ကျောက် မီးသွေးစက်ရုံအား အဆင့်မြှင့်လို၍ လာရောက် ကြည့်ရှုပေးရန် မြန်မာနိုင်ငံ တွင် ထွက်နေသော ကျောက်မီးသွေး များကို စစ်ဆေးပေးရန် နမူနာ ပို့လိုက်မည် ဖြစ်ကြောင်း၊ ဓာတ် အားဖြန့်ဖြူး ရေးပိုင်းတွင် မြန်မာနှင့် သင့်တော်မည့် စီမံကိန်း ရေးဆွဲရန် အတွက် ပညာရှင် ကူညီပေးရန် တို့ကိုတောင်းဆိုခဲ့သည်။
ထိုနေ့က ကျွန်မတို့ အားလုံး ပြည်သူကို ကိုယ်စားပြု အလုပ်လုပ် နေသည့် သမ္မတနှင့် အစိုးရအဖွဲ့၏ လှုပ်ရှားမှုကိုပါ လေ့လာခွင့် ရခြင်းပင်။ တည်ငြိမ်သော အသွင်ဖြင့် ကျွန်မတို့ မြင်နေကျ ဖြစ်သည့် ဦးသိန်းစိန်အား သတင်းသမား တစ်ဦးကဲ့သို့ တက်ကြွစွာ မေးခွန်းများ တရစပ်မေးနေသည် ကိုမြင်နေ ရသည်မှာ နှလုံးခုန်စက် တပ်ထား ရသည့် အသက် ၆၇ နှစ် အရွယ် ပုဂ္ဂိုလ် တစ်ဦးဟု ထင်စရာ မရှိလောက်အောင် ပြည်သူများ၏ လတ်တလော လိုအပ်ချက်အတွက် မည်မျှ အာရုံ စိုက်ထားသည်ကို သိသာစေသည်။
ဧပြီ ၂၃ ရက် တစ်နေ့လုံးတွင် သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများ သည် နံနက်ပိုင်းတွင် နိုင်ငံရေး အဖွဲ့ အစည်း (၆) ဖွဲ့နှင့် သတင်းထောက် များ၊ နေ့ခင်းပိုင်းတွင် စီးပွားရေး အဖွဲ့အစည်း (၁၃) ဖွဲ့အား ဆက်တိုက် တွေ့ဆုံခဲ့သည်။ နေ့လယ်စာကို ဂျပန်နိုင်ငံ လုပ်ငန်းရှင်များ အသင်းက တည်ခင်း ဧည့်ခံရာ သမ္မတနှင့် အတူ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံ မှ လိုက်ပါခဲ့ကြသော စီးပွားရေး လုပ်ငန်းရှင် များဖြစ်သည့် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) နာယက ဦးအောင်ကိုဝင်း၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ထူး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ၊ အိုင်ဂျီအီး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးနေအောင်၊ ရွှေသံလွင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့ပါ တက်ရောက်ခဲ့ကြသည်။

ဂျပန်-မြန်မာ ထိပ်သီး အစည်းအဝေး၏ ရလဒ်များ
-    မြန်မာနိုင်ငံက ပေးရန်ရှိသည့် ကြွေးမြီ လက်ကျန်များ အနက်မှ ၆ဝရာ ခိုင်နှုန်းကို ဂျပန်နိုင်ငံမှ လျှော်ပေးခြင်း၊
-    သီလဝါ စီမံကိန်းတွင် ပူးပေါင်း ဆောင်ရွက်ရန် ကြံရွယ်ချက် မှတ်တမ်း (MOI)ရေးထိုးခြင်း၊
-    အတိုးနှုန်း သက်သာစွာဖြင့် ဖွံ့ဖြိုးရေး အထောက်အပံ့ (ODA) တို့ကို ရရှိခဲ့သည်။

 ချစ်ကြည်ရေးခရီး၊ လေ့လာရေးခရီး

ထိပ်သီး စည်းဝေးပွဲများ ပြီးချိန်တွင် မဲခေါင် နိုင်ငံများ တစ်နိုင်ငံပြီး တစ်နိုင်ငံ ပြန်သွား ကြသော်လည်း မြန်မာနိုင်ငံ တစ်ဖွဲ့သာလျှင် တွေ့ဆုံ ဆွေးနွေးမှု များဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေး စာမျက်နှာများကို မှတ်တမ်းတင်ရန် ကျန်ရစ်ခဲ့ကြသည်။
လေ့လာရေးခရီး အနေဖြင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံသို့ သွားaရာက်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာတော့မည့် မြန်မာနိုင်ငံတွင် မဖြစ်မနေ လိုအပ်နေသော လျှပ်စစ် စွမ်းအင် အတွက် ပိုမို လက်တွေ့ကျသော ရွေးချယ်စရာ၊ စဉ်းစားစရာ တို့ကို လေ့လာခွင့် ရသည်ဟု ဆိုရမည်။ ပထမဦးဆုံး သွားသည့် TEPCO ကုမ္ပဏီက ဂျပန် ဧရိယာ ၏ ၁ဝ ရာခိုင်နှုန်း၊ ဂျပန် တစ်နိုင်ငံလုံး လူဦးရေ၏ ၃၄ ရာခိုင်နှုန်းကို မီးပေး နေသည့် ပါဝါ stations ၁၅ ခု ရှိ ကုမ္ပဏီကြီး။ မဲခေါင်နိုင်ငံ များ၏ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အကောင်အထည်ဖော်ရေး လုပ်ငန်းများကို အကြံပြု ပေးနေသော ကုမ္ပဏီ။ ဘီလူးချောင်း ရေအား လျှပ်စစ်(၂) ပြန်လည် ပြုပြင်ရေးနှင့် တိုးမြှင့် အကောင် အထည်ဖော်ရေး တို့အတွက် လည်း လုပ်ဆောင်နေ သကဲ့သို့ ပေါင်းလောင်း ရေအား လျှပ်စစ် စက်ရုံ နည်းပညာ ဆိုင်ရာ ဖွံ့ဖြိုးရေးကိုလည်း ကူညီပေးခဲ့ဖူးသည်။
၎င်းကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အား စက်ရုံများမှာ ၄ ခုရှိပြီး၊ ယခု ကာဝါဆာကီတွင် ရှိသော စက်ရုံမှာ ဓာတ်ငွေ့ရည်သုံး စက်ရုံ (၁၅ဝဝ MW ထုတ်လုပ်) ဖြစ်သည် ။  ကျောက်မီးသွေး လောင်စာသုံး စက်ရုံ ၁ ရုံ၊ ဒီဇယ် သုံးစက်ရုံ ၁ ရုံနှင့် နောက်ထပ် ဓာတ် ငွေ့ရည် သုံးစက်ရုံ ၁ ရုံပါ အခြား မြို့များတွင် ရှိသေးသည်။
ဓာတ်ငွေ့ရည် လောင်စာဖြင့် ရေနွေးငွေ့ ထုတ်ကာ ၄င်းမှ လျှပ်စစ် တာဘိုင်စက်ကြီး များအား လည်စေပြီး ဂျင်နရေတာများမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ် ပေးခြင်းဖြစ် သည်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနည်း သော ဤနည်းကို ကမ္ဘာတစ်ဝန်းက အခြား ရုပ်ကြွင်းလောင်စာ သုံးခြင်းထက် ပိုမို အားပေးကြသည်ဟု ဆိုသည်။
သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်မည် ဆိုပါက ရေအား လျှပ်စစ်က စရိတ် အသက်သာဆုံး ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည် ဟုလည်း သိရသည်။
TEPCO ကလည်း စိတ်ရှည်လက်ရှည် ရှင်းပြသလို မြန်မာဘက်က လည်း သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများက ဖြစ်ပေါ်နေသည့် အခက်အခဲများ အတွက် အမြန် ဆုံး ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ စရိတ်များ၊ အချိန်ကာလများကို အသေးစိတ် မေးမြန်းကြသည်။ ကျွန်မ တွေးနေမိသည်က ဤလေ့လာရေး ခရီးမှ ကျွန်မတို့နိုင်ငံ အတွက် ဘာရနိုင်မလဲ ဆိုသည်ကိုသာ ဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ် အခြေအနေက အမြဲတမ်း ရယ်သွမ်းသွေး အလှောင်ပြောင်ခံ စရာ ဖြစ်နေဆဲ မဟုတ်လား။ အားနည်း ချက်နှင့် လိုအပ် ချက်များ ပြင်ဆင်ကာ တိုင်းပြည် အတွက် အသုံးဝင်မည့် အရာများကို ကျွန်မတို့ အတုယူ ဖြည့်ဆည်းနိုင် ရမည်။
ဒုတိယမြောက် သွားရောက်သည့် စက်ရုံက ကျောက်မီးသွေး လောင်စာသုံး J power (Isogo)  လျှပ်စစ် ဓာတ်အားပေး စက်ရုံ။ ၄င်း ကုမ္ပဏီ၏ နည်းပညာသည် အဆင့် အမြင့်ဆုံး၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အနိမ့်ဆုံးဖြစ်ပြီး ၄င်းနည်းပညာကို အာရှဖွံ့ဖြိုးမှုတွင် အသုံးပြု လိုသည်ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန်က ”မြန်မာ ပြည်သားများ အလုပ်အကိုင် အခွင့်အလမ်း တိုးတက် များပြားရန် စက်ရုံများ များပြားဖို့ လိုအပ်ကြောင်း၊ ၄င်း စက်ရုံများ အတွက် လျှပ်စစ် ဓာတ်အား က အဓိက လိုအပ်ချက် ဖြစ်နေပြီး ကျောက်မီးသွေး လောင်စာ အသုံးပြု၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ပါက သဘာဝ ဆိုးကျိုးများ ရှိနိုင်သည်ဟု သိထားရာ J power က သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု အနည်းဆုံး ဖြစ်အောင် မည်ကဲ့သို့ လုပ်ဆောင်ပါ သနည်း” ဟု မေးမြန်းခဲ့ရာ ကျောက်မီးသွေးကို အကောင်းစား မှာယူခြင်း (ကျောက်မီးသွေး သည် ကာဗွန်မှ ဖြစ်သော်ငြား အခြားပါဝင်မှု ရှိနိုင်၊ ဥပမာ- ဆာလဖာပါခဲ့ပါက လောင်ကျွမ်း၍ ထွက်လာသော အငွေ့သည် အက်ဆစ် မိုး ဖြစ်စေနိုင်) ၊ ရောက်ရှိလာသော ကျောက် မီးသွေး များကို လုံခြုံစွာ စနစ်တကျ သိုလှောင်ခြင်း၊ ထုတ်ယူသည့် လမ်းကြောင်း တစ်လျှောက်တွင် လည်း ကျောက်မီးသွေး မှုန်များ လေထုထဲ မပျံ့စေရန် ပိုက်လိုင်းတွင်း ကွန်ဗေယာဖြင့် ပို့ဆောင်ခြင်း၊ Ultra Super Critical (USC) သုံး၍ ကာဗွန်ဒိုင်အောက်ဆိုဒ် များ ဖယ်ရှားခြင်း ၊ NOx,SOx ဖယ်ရှားသည့် စနစ်များကို ထည့်သွင်း အသုံးပြုထားခြင်း၊ ဆူညံမှု၊ တုန်ခါမှု၊ အပူတို့ကို ကာကွယ်သော နည်းများကို အသုံးပြုပါကြောင်း ဖြေကြား သည်။ လေ့လာသည့် အခါတွင်လည်း မီးခိုးခေါင်းတိုင်မှ ရေငွေ့ သာသာပဲ ထွက်သည်ကို တွေ့မြင်ရသည်။ သမ္မတက ၁ဝဝဝ မဂ္ဂါဝပ် စက်ရုံတည်လျှင် ကြာမြင့်မည့် အချိန်ကို မေးရာ ၄င်းတို့က ၃ဝဝ မဂ္ဂါဝပ် ရှိသည့် စက်ရုံ ၃ ရုံ ဆောက်လျှင် ပိုသင့်တော်ကြောင်း၊ စက်ရုံဆောက် ချိန် ၂ နှစ်ခွဲ၊ ကျောက်မီးသွေး ချရန် ဆိပ်ကမ်း ဆောက် ချိန် တစ်နှစ်ခွဲခန့် ကြာနိုင်မည် ဟု ခန့်မှန်းပြောဆိုသည်။ မြေအကျယ်မှာမူ အထပ်မြင့် များဖြင့် ကျစ်ကျစ်လျစ်လျစ် ဆောက်ပါက တစ်မျိုး၊ ကျောက်မီးသွေးကို ဖြန့် သိမ်းမည် ဆိုပါက တစ်မျိုး။ မိမိတွင် ရှိသော မြေအနေအထား အလိုက် ပုံစံ ရေးဆွဲနိုင်ကြောင်း ရှင်းပြသည်။ ထိုအခါ သမ္မတက လျှပ်စစ်က အခုကိုပဲ ရန်ကုန်မှာ လိုနေပြီ၊ စက်ရုံ မြန်မြန် ဆောက်နိုင်ရင် ပြည် သူ တွေ မြန်မြန် အကျိုးခံစားရမယ်။ အမြန်ဆုံး နည်းလမ်းတွေကို အကြံပြုပါဦးဟု ဆိုသည်။
ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း က သင်္ဘောဖြင့် လျှပ်စစ် ဓာတ်အား လိုက်လံ ဖြန့်ဖြူးပေးနိုင် ပါသလားဟု မေးရာ ထိုကဲ့သို့ ပြုလုပ် ပေးနိုင်သည့် အစီအစဉ် မရှိ ပါကြောင်း၊ ၄င်း အစီအစဉ်သည် အရေးပေါ် အခြေအနေ မျိုးမှာသာ သုံးစွဲလေ့ ရှိပြီး အမြဲတမ်း အတွက် အဆင်မပြေနိုင် ပါကြောင်း ဖြေကြားသည်။
သမ္မတက အပူစွမ်းအင်နှင့် ပတ်သက်ပြီး ထုတ်လုပ်မှု စရိတ်တို့ကို အခြားလောင်စာ လျှပ်စစ်များနှင့် နှိုင်းယှဉ် မေးမြန်းခဲ့ရာ အပူ စွမ်းအင်ဖြင့် ထုတ်သော လျှပ်စစ် ဈေး ပိုကြီး ရခြင်းမှာ ကနဦး တပ်ဆင်ခ များကြောင့် ဖြစ်သည်ဟု ဖြေကြားသည်။ နေရောင်ခြည်မှ အပူ တို့ကြောင့် မြေပူ၍ ၄င်းမှ တစ်ဖန် ရေငွေ့ ထုတ်သည့် စနစ် geothermal energy ဖြင့်လည်း လျှပ်စစ် ထုတ်နေကြောင်း သိရသည်။ ၄င်းစနစ်သည်လည်း အီကွေတာနှင့် မဝေးသည့် မြန်မာနိုင်ငံကဲ့သို့ သမပိုင်း၊ အပူ ပိုင်း ဒေသများ အတွက် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် တစ်မျိုး ဖြစ်သည်။
သမ္မတကြီးသည် ဂျပန်နိုင်ငံ၏ လျှပ်စစ် ထုတ်လုပ် ဖြန့်ဖြူးရေးနှင့် စပ်လျဉ်း၍ တစ်ယူနစ် ကုန်ကျစရိတ် ပြည်သူများက ပေးဆောင်ရသည့်နှုန်းထား စက်ရုံတည်လျင် အမြန်ဆုံး ပြီးစီးနိုင်မည့် နှစ်ကာလတို့ကို မေးမြန်းခဲ့ရာ ထုတ်လုပ်မှု စရိတ်များသည် နိုင်ငံတစ် နိုင်ငံနှင့် တစ်နိုင်ငံ တူနိုင်မည် မဟုတ်ဘဲ မြန်မာနိုင် ငံကဲ့သို့ သယံ ဇာတ ပေါများသည့် နိုင်ငံအနေဖြင့် ကုန်ကြမ်းထက် သယ်ယူ ပို့ဆောင် စရိတ်မျိုးက သာ စဉ်းစားစရာဖြစ်နိုင်ကြောင်း ပြောသည်။
မြန်မာနိုင်ငံရှိ တီကျစ်ကျောက် မီးသွေးစက်ရုံအား အဆင့်မြှင့်လို၍ လာရောက် ကြည့်ရှုပေးရန် မြန်မာနိုင်ငံ တွင် ထွက်နေသော ကျောက်မီးသွေး များကို စစ်ဆေးပေးရန် နမူနာ ပို့လိုက် မည်ဖြစ်ကြောင်း၊ ဓာတ်အားဖြန့်ဖြူး ရေးပိုင်းတွင် မြန်မာနှင့် သင့်တော်မည့် စီမံကိန်း ရေးဆွဲရန် အတွက် ပညာရှင် ကူညီပေးရန် တို့ကိုတောင်းဆိုခဲ့သည်။
ထိုနေ့က ကျွန်မတို့ အားလုံး ပြည်သူကို ကိုယ်စားပြု အလုပ်လုပ် နေသည့် သမ္မတနှင့် အစိုးရအဖွဲ့၏ လှုပ်ရှားမှုကိုပါ လေ့လာခွင့် ရခြင်းပင်။ တည်ငြိမ်သော အသွင်ဖြင့် ကျွန်မတို့ မြင်နေကျ ဖြစ်သည့် ဦးသိန်းစိန်အား သတင်းသမား တစ်ဦးကဲ့သို့ တက်ကြွစွာ မေးခွန်းများ တရစပ်မေးနေသည် ကိုမြင်နေ ရသည်မှာ နှလုံးခုန်စက် တပ်ထား ရသည့် အသက် ၆၇ နှစ် အရွယ် ပုဂ္ဂိုလ် တစ်ဦးဟု ထင်စရာ မရှိလောက်အောင် ပြည်သူများ၏ လတ်တလော လိုအပ်ချက်အတွက် မည်မျှ အာရုံ စိုက်ထားသည်ကို သိသာစေသည်။

ခရီးစဉ်တွင် လိုက်ပါလာသော မြန်မာစီးပွားရေး လုပ်ငန်းရှင် များအား TEPCO စက်ရုံရှေ့တွင် တွေ့ရစဉ်။ ဝဲမှ ယာ- ဦးဝင်းအောင်၊ ဦးနေအောင်၊ ဦးအောင်ကိုဝင်း၊ ဦးတေဇ၊ ဦးကျော်ဝင်း

ဧပြီ ၂၃ ရက် တစ်နေ့လုံးတွင် သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများ သည် နံနက်ပိုင်းတွင် နိုင်ငံရေး အဖွဲ့ အစည်း (၆) ဖွဲ့နှင့် သတင်းထောက် များ၊ နေ့ခင်းပိုင်းတွင် စီးပွားရေး အဖွဲ့အစည်း (၁၃) ဖွဲ့အား ဆက်တိုက် တွေ့ဆုံခဲ့သည်။ နေ့လယ်စာကို ဂျပန်နိုင်ငံ လုပ်ငန်းရှင်များ အသင်းက တည်ခင်း ဧည့်ခံရာ သမ္မတနှင့် အတူ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံ မှ လိုက်ပါခဲ့ကြသော စီးပွားရေး လုပ်ငန်းရှင် များဖြစ်သည့် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) နာယက ဦးအောင်ကိုဝင်း၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ထူး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ၊ အိုင်ဂျီအီး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးနေအောင်၊ ရွှေသံလွင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့ပါ တက်ရောက်ခဲ့ကြသည်။

နေ့ခင်းပိုင်း၌ သမ္မတက စီးပွားရေး အဖွဲ့အစည်းများကို လက်ခံတွေ့ဆုံ ရာတွင် ဆူဇူကီး ကုမ္ပဏီ CEO နှင့် အတူ ဦးနေအောင်၊ မစ်ဆူအီ ကုမ္ပဏီ CEO နှင့်အတူ ဦးတေဇ၊ မာရူဘီနီ ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အတူ ဦးဝင်းအောင်၊ အီတိုးချူ CEO နှင့်အတူ Capital Diamond Star Group မှ MD ဦးကိုကိုကြီး တို့က လာရောက် တွေ့ ဆုံ ခဲ့ကြသည်။

ဧပြီ ၂၄ တွင် ဂျပန်နိုင်ငံ တိုကျို မှ ထိုင်းနိုင်ငံ ဘန်ကောက်၊ ထိုမှ တစ်ဆင့် မြန်မာနိုင်ငံ ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။ အပြန်လမ်းတွင် တာဝန်များ ထမ်းပိုးလာရသော်လည်း ပီတိများ၊ ပိုမိုပေါ့ပါး သွက်လက်သော ခြေလှမ်းများနှင့် အတူ …။

သုဝဏ္ဏဘူမိ လေဆိပ်ဝယ် တစ်ထောက် နားစဉ်တွင် သမ္မတ က မြန်မာ လုပ်ငန်းရှင် များအား ပြည်သူ အများ ခံစားနိုင်မည့် အများပိုင် ကုမ္ပဏီများ ထူထောင် သွားကြရန် တိုက်တွန်း ခဲ့သည်ဟု သိရသည်။
ရွှေမြန်မာဟု တင်စားသည့် အသုံးအနှုန်းတွင် ရွှေဟူသည် အေးမြ ခြင်း၏ ဓာတ်သဘော။ အေးချမ်းမည့် မြန်မာပြည် အတွက် ယခုကာလသည် ရွှေတံခါးကြီး ပွင့်သည့် အချိန် မျိုးဟု ဆိုကြလျှင် ကျွန်မတို့ ပြည်သူ အားလုံး၏ ညီညွတ်မှု၊ အမြော်အမြင် ကြီးမားမှု၊ သဘောထားကြီးမှု တို့ဖြင့် သာ အတူတကွ တွန်းဖွင့် ရတော့မည် ဖြစ်သည်။ ပြီးပြည့်စုံသော ကမ္ဘာ နှင့် ပကတိ ချောမွေ့သောလမ်း ဟူသည် မရှိ။ နောက်ပြန်မလှည့် စတမ်း ဟူသော ခြေလှမ်းများ စတင်ချိန်တွင် လည်း မည်သူမျှ နောက်ချန် မနေ ရစ်ခဲ့ဟု ကျွန်မ ယုံကြည် ထားလိုက်ချင် ပါတော့သည်။
ရွှေတံခါးကြီး ပွင့်လာပါပြီ။

ငွေသော်တာ