ထူးထူးခြားခြား စိတ်ဝင်စားမှုများနဲ့ ကျင်းပမယ့် ဒိုင်ယာနာ (၁ဝ)နှစ်ပြည့် အခမ်းအနား

Open-Diana

ဒိုင်ယာနာ ကွယ်လွန်ခြင်း ဆယ် စုနှစ်တစ်ခု တိုင်လာ တာတောင် သူမရဲ့ လူသေပေမယ့် နာမည်မသေ တာကို တွေ့မြင်နေရဆဲပါ။ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ ဗြိတိန် တော်ဝင် မိသားစုဟာ ဒိုင်ယာနာ ကွယ်လွန်ခြင်း (၁ဝ)နှစ်ပြည့် လွမ်းဆွတ်အောက်မေ့ဖွယ် အခမ်းအနား ကို London Birdcage Walk  မှာ ရှိတဲ့ Guard Chapel မှာကျင်းပ ပြုလုပ်သွားမှာပါ။ အဲဒီ အခမ်းအနား ကို ချား(လ်)စ်ရဲ့ ဒုတိယ ကြင်ရာတော် ကမီလာ တက်ရောက်ဖြစ်မယ်၊ မဖြစ်ဘူး ဆိုတဲ့ ကိစ္စကလည်း လူစိတ်ဝင်စား စရာ ဖြစ်နေပါတယ်။ အင်တာနက်ထဲက မဂ္ဂဇင်း တစ်ခုမှာ အဲဒီ အခမ်းအနားကို ကမီလာ တက်သင့်၊ မသင့် လူထုဆန္ဒကောက်ခံတဲ့အခါ ၂၅ ရာခိုင်နှုန်းက တက်သင့် တယ်လို့ ဆန္ဒပြုပြီး ၇၅ ရာခိုင်နှုန်းကတော့ မတက်သင့်ဘူးလို့ ပြောကြပါတယ်။ ကမီလာဟာ လင်ပါသားတွေရဲ့ မေတ္တာရပ်ခံမှုကို နားထောင်ရင်း  ချား(လ်)စ်ကို အဖော်ပြု လို့ ပွဲကို တက်ဖြစ်မလား၊ ဒါမှမဟုတ် သူ့ အရင်ယောက်ျားနဲ့ ရတဲ့ကလေး ကနေမွေးမယ့် မြေးဦးလေးကို အကြောင်းပြပြီး မတက်ဘဲနေမလား ဆိုတာ ကတော့ စောင့် ကြည့်ရမှာပါ။ မကြာခင်က အသက် ၆ဝ ပြည့် မွေးနေ့ကို ပကာသနမပါဘဲ ကြုံသလို ကျင်းပခဲ့တဲ့ ကမီလာဟာ လူထုရဲ့ မေတ္တာကို တဖြည်းဖြည်း ရရှိလို့ လာနေပါပြီ။ ချား(လ်)စ်သာ ဘုရင်ဖြစ်ရင် ကမီလာဟာ ဘုရင်မ ဖြစ်ထိုက်၊ မဖြစ်ထိုက်ကို လူပေါင်း ၈၁၇ ယောက် ကို သုတေသနပြုခဲ့ရာမှာ ၂၈ ရာခိုင် နှုန်းထိ တိုးတက်လာနေပါပြီ။  အဲဒီ (၁ဝ)နှစ်ပြည့် အခမ်းအနား ကို ဒိုင်ယာနာနဲ့ သူငယ်ချင်းလည်းဖြစ်၊ လင်ညီအစ်မ လည်းဖြစ်တဲ့ ဆာရာဖာဂီ [ချား(လ်)စ်ရဲ့ ဒုတိယညီ အင်ဒရူး မင်းသားရဲ့  ကြင် ရာဟောင်း ကလည်း သူ့ရဲ့ အားလပ်ရက် အပန်းဖြေ ခရီးကို ဖျက်ပြီး သမီးနှစ်ယောက် ဖြစ်တဲ့ Beatrice (၁၉ နှစ်)၊Eugenic (၁၇ နှစ်) တို့နဲ့ အတူ တက်ရောက် မှာ ဖြစ် ပါတယ်။ တော်ဝင် မိသားစုများ၊ ၄င်းတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများ၊ ဒိုင်ယာနာ ရဲ့လူမှုရေး အသင်းဖွဲ့ ကိုယ်စားလှယ် များအပြင် ဒိုင်ယာနာ ရဲ့ နောက်ဆုံး အတွဲဖော်ဖြစ် တဲ့ ဒိုတီ ရဲ့ မိသားစုဝင် များကိုပါ ဖိတ်ကြားထားပါတယ်။ ဒိုတီ့ အဖေကတော့ တက်ရောက်မှာ မဟုတ်ဘဲ ဒိုတီရဲ့ ညီမနှစ်ယောက်ထဲက Camella သာ တက်ရောက်နိုင် မှာ ဖြစ်ပါတယ်။ Chapel မှာ ပုံမှန်ခုံ ၆ဝဝ သာ ခင်းပေမယ့်လည်း တက်ရောက် သူများမယ့် အဲဒီပွဲအတွက် ခုံတွေ ဒီထက် ပိုချသွားမယ်လို့လည်း သိရ ပါတယ်။ Guard Chapel ဟာချား(လ်)စ်နဲ့ ကမီလာတို့ လက်ထပ်တဲ့ နေရာလည်း ဖြစ်ပါတယ်။

ငွေသော်တာ