လူဖြူများ ကြီးစိုးခဲ့သော အိမ်ဖြူတော်သို့ တက်လှမ်းလာသည့် လူမည်းသမ္မတ

3

အမေရိကန် ပြည်ထောင်စု ရဲ့ ၄၄ ယောက်မြောက် သမ္မတ ရွေးချယ်ပွဲဟာ အရင်အခါ များနဲ့မတူ ထူးထူးခြားခြားကြီး ကမ္ဘာက စိတ်ဝင်စားကြပါတယ်။ ဒါဟာ သမ္မတ ဖြစ် လာမယ့် အိုဘားမား ဆိုတာထက် မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့အရာ တကယ် ဖြစ်လာတော့မယ့် အံ့သြ စရာအချိန်တွေကို လူတိုင်းက ခံစား ဖူးလိုက်ချင်တာကြောင့်လို့ ထင်ပါ တယ်။ လွယ်လွယ်နဲ့ မေ့လို့မရမယ့် ၄၄ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရတဲ့နေ့ဟာ အမေရိကား ရဲ့ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၄ ရက် ညမှာဖြစ်ခဲ့ပြီး သူတို့ အပျော် လွန် နေကြတာကို ဒီကနေ တိုက်ရိုက်မြင် နေရတဲ့အချိန်က နိုဝင်ဘာလ ၅ ရက် မနက်ပါပဲ။ ‘အိုဘားမား’သမ္မတ အဖြစ် အရွေးခံရကြောင်း ကြေညာလိုက်တဲ့ အခါ ရှုံးနိမ့် သွားတဲ့ မက် ကိန်းက လူထုအားလုံးအတွက် ကျေးဇူးတင် စကားကို အရီဇိုးနား ပြည်နယ်၊ ဖီးနစ်မြို့ ဟိုတယ်မှာ တည်တည်ငြိမ်ငြိမ်ပဲ ပြောသွားပါ တယ်။ အိုဘား မား ရောက်နေတဲ့ ချီကာဂိုမြို့က ပန်းခြံကြီး မှာတော့ ပူပူ နွေးနွေး အရွေးချယ်ခံ သမ္မတရဲ့ပထမ ဆုံး အောင်ပွဲခံနှုတ်ဆက် စကားကို နားထောင်ဖို့ လူနှစ်သိန်းလောက် ဟာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေ ကြပါတယ်။ ထိုနည်းတူ အမေရိကန် ပြည်ထောင်စု တစ်ဝန်းက နေရာစုံ မှာရော၊ ကမ္ဘာ့နိုင်ငံ အသီးသီးက ရော အိမ်ဖြူတော်ကို သမ္မတ အဖြစ် တက်လှမ်း ရတော့မယ့် လူမည်းတစ် ယောက်ကို ပိုင်ပိုင်နိုင်နိုင် အကဲခတ် ဖို့ စောင့်နေရတဲ့ အချိန်တွေဟာ စိတ်ထဲမှာ ကြာလွန်းလှပါတယ်။ အမေ ရိကန် အလံတွေ လွှင့်ထူထားတဲ့ (T) ပုံသဏ္ဌာန် စင်မြင့်ပေါ်ကို အိုဘားမားနဲ့ သူ့ဇနီးက သမီးတစ်ယောက် စီကို လက်တွဲပြီး တက်လာချိန်မှာ တော့ လူထုကြီးဟာ အားပါးတရ သြဘာပေး ကြပါတယ်။ ပရိသတ် အများစုရဲ့လက်ထဲမှာ ကင်မရာတွေ ကိုယ်စီနဲ့ ကိုယ်တိုင် ရင်ဆိုင်ကြရ တော့မယ့်သမိုင်းကို ကိုယ်တိုင်မှတ် တမ်းတင်နေ ကြတာပါ။ အိုဘားမား ရဲ့ မျက်နှာကတော့ တာဝန်ဝတ္တ ရားတွေကို အစီအစဉ် ဆွဲနေရပြီမို့ ပိုမိုလေးနက်တည်ကြည်တဲ့ရုပ် ဆောင်ပါတယ်။ မဲဆွယ်ပွဲပေါင်းများ စွာကို ဟောခဲ့ ရသူဖြစ်လို့ မိန့်ခွန်းရဲ့ အဖြတ်အတောက်၊ အသံအနေ အထား၊ ပရိသတ် သြဘာပေးမှု စောင့်ပေးပုံ၊ ပရိသတ်ရဲ့ဝမ်းသာ တက်ကြွမှုကို အသံနဲ့ထိန်းသိမ်းပုံတို့ ဟာ သူရဲ့ ပရိသတ် အကြောနပ်မှုကို ထင်ရှားပေါ်လွင်စေပါတယ်။ သူ့ ဇနီးနဲ့ ဒုသမ္မတ ဖြစ်သူ ဂျိုးဘိုင်ဒင်တို့ အပြင် မဲဆွယ်ပွဲ မန်နေဂျာကိုကျေးဇူး တင်ကြောင်းကို လည်း ပြော သွားပါ တယ်။ (သူ့မဲဆွယ်ပွဲ မန်နေဂျာဟာ အလွန်တော်တဲ့အတွက် မက်ကိန်း ထက် ရန်ပုံငွေ လေးဆပိုသုံးနိုင် အောင် အလှူငွေကောက်ခံနိုင်ခဲ့ပြီး မဲဆွယ်ပွဲတွေမှာ အဓိက ရုဏ်းမဖြစ်အောင် စနစ်တ ကျစီစဉ်သူ အဖြစ် လူသိများပါတယ်)။ သူသမ္မတ မဖြစ် ခင် တစ်ရက်အလိုမှာ ကွယ်လွန် သွားတဲ့ သူ့အဘွားလည်း သူ့ကိုကြည့် နေ မယ် ထင်ပါတယ်လို့ ပြောကြားခဲ့ ပါတယ်။ ဒီလိုအောင်မြင်တာဟာ သူ့ရဲ့အောင်မြင်မှုထက် သူ့ပရိသတ် ရဲ့အောင်မြင်မှု ဖြစ်ကြောင်းပြောပြီး သူလုပ်ပေးနိုင်သမျှ လုပ်ပေး မယ့် အကြောင်း ကတိပြုပြောကြားခဲ့ကာ God bless you & America (ဘုရားသခင်က သင်တို့နဲ့တကွ အမေရိကားကို ကောင်းချီးပေးပါ စေ)လို့ ဆုတောင်းနှုတ် ဆက်သွားပါ တယ်။ သူ ပြောနေချိန်မှာ လူမည်း တွေရဲ့ ကြည်နူးမှုအလုံးကြီး ဆို့နေတဲ့ မျက်နှာတွေ၊ လူဖြူတွေရဲ့ လူမျိုးရေး ခွဲခြားမှုမရှိတဲ့  ကြည်နူးမှု ဖြာဝေနေ တဲ့မျက်နှာတွေကို တွေ့ကြရမှာပါ။ သူ မိန့်ခွန်းပြော ပြီးချိန် စင်ပေါ်ကို သူ့ဆွေမျိုး များနဲ့ ဒုသမ္မတ မိသားစု တက်လာချိန်မှာတော့ မမျှော်လင့်ရဲ ခဲ့တဲ့အရာကို ရရှိရောက် ရှိလာတဲ့ သူ့ မိသားစုဆွေမျိုးတွေရဲ့ အပြုံးနဲ့အပျော် ကို အဓိပ္ပာယ်ဖော်ရတဲ့ ခံစားမှုဟာ ခေါင်းစဉ်တပ်လို့ မရတဲ့အရာပါ။ အို ဘားမားကို အဓိကထောက်ခံကူညီ ပေးခဲ့တဲ့ နာမည်ကြီး လူမည်းအမျိုး သမီး ‘အော်ဖရာဝင်းဖရေး’ ကတော့ ‘US did right thing’( အမေရိကန် က မှန်တဲ့လုပ်ရပ်ကို လုပ်ခဲ့နိုင်ပြီ) လို့ အားပါးတရကြီး မျက်ရည်တွေ နဲ့ ပြောခဲ့ပါတယ်။ အိုဘားမားကို ထောက်ခံသူထဲမှာ အသက်ငယ်သူ တွေရဲ့အရေအတွက် အများဆုံးပါပဲ။ ဒါကြောင့် အိုဘားမားကို မြန်မာပြည်က လူငယ်တွေ ဘယ်လောက် စိတ်ဝင်စားလဲ သိချင်လို့ မေးကြည့် ရာမှာ သူတို့ပြန်ဖြေတဲ့ စကားတွေ ကိုလည်း ဖတ်ရှုပေးပါဦး။ မြန်မာက အိုဘားမားကို စိတ်ဝင်စားသလို အိုဘားမား ကလည်း မြန်မာကို စိတ် ဝင်စားကြောင်းကို သူ့ကြေညာ ချက် တွေနဲ့ သူ့စကားတွေထဲမှာ မြန်မာဆိုတဲ့ နာမည်ကို ဆယ်ကြိမ်ထက် မနည်း ထည့်ပြောတာကို ကြည့်ခြင်း အားဖြင့် သိနိုင်ပါလိမ့်မယ်။

ခင်စန္ဒာဝင်း
-    အိုဘားမားရလို့ရော၊ ဒီမိုကရက်ပါတီဖြစ်တာရော ဝမ်းသာပါ တယ်။ မက်ကိန်း ကိုတော့ ရီပတ်ဘလေကန်ပါတီမို့ မကြိုက်တာပါ။ သမ္မတဘုရှ်ရဲ့အရိပ်မည်းတွေက မက်ကိန်းအပေါ်မှာ သက်ရောက်တယ် ထင်ပါတယ်။ ဒီမိုကရက်က လူတွေအားလုံးမှာပါ ပါဝါရှိစေတယ်လို့ ထင်တယ်။
-    အိုဘားမားက အသက်ငယ်ငယ်နဲ့ ဒီလိုဖြစ်တာ တော်လို့ပါ။ သူက စကားပြောလည်းကောင်းတော့ လူတွေက ကြိုက်တယ်ထင်တယ်။
-    သူရတဲ့အတွက်  Racism (လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှု) မရှိနိုင်တော့ဘူးလို့ထင်တယ်။ အသားအရောင် ခွဲခြားမှုမှ မဟုတ်ဘူး၊ တခြားဘယ်လိုခွဲခြားမှု မျိုးမှ မကောင်းပါဘူး။ ရန်ဖြစ်တတ်တယ်။
-    အိုဘားမားရဲ့ကလေးနှစ် ယောက်က ကံကောင်းတယ်။ သူ့ အဖေက သူ့သမီးတွေကို အိမ်ဖြူ တော်ထဲမှာ ပါပီလေးထားပေးမယ်တဲ့။
သှူ့Speech ထဲက ..
- Yes, we can.
- We are not enemies, need your help ဆိုတဲ့ဟာကို ကြိုက်တယ်။

ဆုဇာဝေနှင်း
-   Live ကြည့်ရတာ အရမ်းစိတ် လှုပ်ရှားဖို့ကောင်းတယ်။ အိုဘားမား ရဲ့အပြော၊ အိုင်ဒီယာတွေကို ကြိုက် တယ်။ အီရတ်က စစ်ဖြစ်စရာမလိုဘူးလို့ အိုဘားမားက ထင်တယ်။ မက်ကိန်းက စစ်သားတွေကို ဖြည်း ဖြည်းမှ ပြန်ခေါ်ချင်တယ်။ ဒါ ကြောင့် အိုဘားမားကို ကြိုက်တယ်။ စစ်ပွဲကိုသွားနေရတဲ့သူကို မျှော်နေ ရတဲ့ မိသားစုတွေကို သမီးလည်း သနားတယ်။
-    အိုဘားမားရဲ့ ကလေးနှစ်ယောက်က အိမ်ဖြူတော်မှာနေရမှာ ပျော်စရာပဲ။ အဲဒီကို သွားတော့ လည်ကြည့်ချင်သား။
-    သမီးကတော့ နိုင်ငံရေးထက် စီးပွားရေးကိုပဲ စိတ်ဝင်စားတယ်။နိုင်ငံရေးက Trick တွေသုံးပြီး ရိုးသားဖို့မလွယ်လို့ မကြိုက်တာ။
-    အိုဘားမားက အသက်ပိုငယ် လို့ တက်ကြွမယ်ထင်တယ်။ လူမည်းရဲ့ အိုင်ဒီယာအသစ်တွေရှိမယ် လို့လည်း မျှော်လင့်ထားတယ်။
-    အိုဘားမားအကြောင်း အင် တာနက်ထဲမှာ နည်းနည်းဖတ်ဖူးလို့ ကင်ညာကမှန်းသိတယ်။

ခင်ရတနာပိုင်
-    အိုဘားမားနိုင်လို့ ဝမ်းသာ တယ်။ သူက ဒီမိုကရက်ပါတီက ဆိုတော့ ဒီမိုကရေစီကို ပိုဖော်ဆောင်နိုင်မယ်။
-    မဲရေတွက်ပြီး Count down လုပ်ချိန်မှာ အိုဘားမားရမယ်ဆိုတာ သိပြီးပေမယ့် စိတ်လှုပ်ရှားနေမိ တယ်။ ဒါ ပထမဦးဆုံး နိုင်ငံရေးကို စိတ်ဝင်စားတာ။ မိသားစုကလည်း အိုဘားမားကိုပဲ ထောက်ခံတယ်။ အိုဘားမားရဲ့သမီးတွေကို အားကျ တယ်။ ဒါပေမဲ့ ကိုယ့်အဖေကို သမ္မတမဖြစ်စေချင်ဘူး။ စီးပွားရေး နဲ့ပဲ အောင်မြင်စေချင်တယ်။
သမီးကြိုက်တဲ့ အိုဘားမား ပြောတဲ့စကားတွေကတော့ – In this country, we right in fall as one nation as one people.
ဒီတိုင်းပြည်မှာ ကြုံလာသမျှ အခက်အခဲကို တူတူကျော်ဖြတ်ကြ မယ်။  I’ll never forget who the real winner is, You.  This is your victory.
-    မက်ကိန်းကိုတော့ သိပ်မသိ ဘူး။ ဘာရယ်မဟုတ်ပါဘူး။
-  Readers’ Digest စာအုပ် ထဲက အိုဘားမားအကြောင်းကို ဖတ်မိရာကနေ ကြိုက်သွားတာ။
-    ကိုယ်က အမေရိကန်မဟုတ် ပေမယ့် သူတို့အတွက် ကောင်းတဲ့ အပြောင်းအလဲ ဖြစ်နိုင်တယ်ထင်လို့ ပျော်ပါတယ်။

နိုအင်ကြင်း
-    ရွေးကောက်ပွဲကြီးက စိတ်ဝင်စားစရာကောင်းတယ်။ ကိုယ်ရစေ ချင်တဲ့သူ ရသွားလို့ ပိုပျော်တယ်။ မက်ကိန်းလည်း မဆိုးပါဘူး။ အိုဘားမားက လူမည်းတွေ အတွက် ပြောင်း လဲမှုကို ပိုလုပ်ပေးနိုင်မယ်ထင်တယ်။ အမည်းနဲ့ အဖြူ ခွဲခြားမှုကို သူ ဖြည်ပေးနိုင်လိမ့်မယ်။
-    သူ့အဘွားကို နည်းနည်းတော့ သနားတယ်။ သူ့မြေး သမ္မတဖြစ်တာကိုတော့ မြင်သွားစေချင်တယ်။
-    အိုဘားမားရဲ့သမီးလေးတွေက ကံကောင်းမယ်ထင်ပါတယ်။ ဖေဖေကိုတော့ အဲဒီလို သမ္မတမျိုး မဖြစ်စေချင်ပါဘူး။ ဒီအတိုင်းပဲ ကောင်းပါတယ်။
-    သမီးအထင် နိုင်ငံရေးဆိုတာ အရမ်းရှုပ်မှာပါ။ နိုင်ငံရေးလုပ်ဖို့စိတ် မဝင်စားပါဘူး။ Hotel Management ပဲလုပ်ချင်တယ်။
-    မက်ကိန်းက အမေရိကန် အပြင် တစ်ကမ္ဘာလုံးကို Bush လို ပဲ သိပ်ပြောင်းပေးနိုင်မယ်မထင်ပါ ဘူး။
-    ပြောင်းလဲကြည့်တာ ကောင်း ပါတယ်။ မှားသွားတော့လည်း ဘယ် လိုလုပ်ရင် ဆိုးတယ်၊ ကောင်းတယ် ဆိုတာ ပိုသိလာတာပေါ့။

အထက်တန်းကျောင်းသားတစ်ဦး
-    အိုဘားမား သမ္မတခေါင်းစဉ်ရ တာ ဝမ်းသာတယ်။ မက်ကိန်းကို လည်းကြိုက်ပါတယ်။ လူတွေက တော့ သူ့အကြောင်းပြချက်နဲ့ သူ ကြိုက်ကြမှာပါပဲ။ အဖြူတွေနိုင်ငံမှာ အမည်းအုပ်ချုပ်ဖို့ Support တွေက တော့ ပြည်တွင်းရော ပြည်ပကရော ရှိနိုင်ပါတယ်။  ဒီတိုက်ရိုက်လွှင့်နေတဲ့ သတင်း ကိုကြည့်နေချိန်မှာ သူ့လိုဖြစ်ချင် စိတ်ပေါက်လာ တယ်။ ကြိုးစားကြည့်ချင် တယ်။
-    အိုဘားမားရဲ့ သမီးထဲမှာ ရွယ် တူကောင်မလေး တွေ့လိုက်တယ်။ ချစ်စရာလေး။
-    Countdown မှာ သူ Chance များတယ်ဆိုပေမယ့် စိုးတော့ စိုးရိမ်ရသေးတာပဲ။
-    အရင် လေးနှစ်ကလည်း ကြည့်ဖူးတယ်။ ဒါပေမဲ့ ကလေးဆို တော့ မှတ်မိပေမယ့် နားမလည်ခဲ့ ဘူးလေ။

ငွေသော်တာ