မွန်းတည့်ချိန်တွင် တည့်မတ်မည်

Open

အနာဂတ်ရေးရာ ကံကြမ္မာကို ငံ့လင့်နေတဲ့ အမေရိကန်နိုင်ငံ ဟာ တည့်မတ်ခြင်း၊ ပြောင်းလဲခြင်း ကတိ ကဝတ်တွေကြားမှာ ဘယ်လောက်ကြာအောင် မောနေရဦး မှာလဲလို့ ဘယ်သူသိနိုင်ပါ့မလဲ။ ပြောင်းလဲခြင်း၊ တည့်မတ်ခြင်း ကိုဘယ်လို စွမ်းရည်တွေ၊ အခြေ အနေ တွေက အကောင်အထည် ဖော်နိုင်မှာလဲလို့ စဉ်းစားမိတဲ့ အခါမှာတော့ ပွင့်တော်မူပြီးသောဘုရား ရှင်အဆူဆူတို့ ဆုံးမထားတဲ့ အတိတ် ကိုလည်းမပြန်နဲ့၊ ပစ္စုပ္ပန်ကိုလည်း မတွယ်နဲ့ အနာဂတ်ကိုလည်းမကြံနဲ့ ဆိုတဲ့ဆုံးမစကား များကတော့ ဘုရား ဝတ်တက်ချိန်မှာသာ ရွတ်မိသော စကားလုံးများဖြစ်နေမလား…. ၂ဝဝ၉ ခုနှစ်၊ ဇန်နဝါရီလ ၂ဝအမေရိကန်နိုင်ငံရဲ့ မွန်းတည့်ချိန်မှာ အရွေးချယ် ခံသမ္မတ အိုဘားမား က သမ္မတအဖြစ်ကျမ်း သစ္စာ ကျိန်ဆိုခဲ့ပါပြီ။ အဲဒီနေ့မနက် ဝေလီဝေလင်းကတည်းက လူထုပရိသတ်ကြီးဟာ တန်းစီ နေရာယူကြရာမှာ ဒီဂရီဖာရင် ဟိုက် (၂ဝ)ကျော်ကို အမှုမထားဘဲ စောင်တွေခြုံလို့ချီတက်လာကြတာများ မက်ထရိုရထားဟာ တစ်နာရီကိုလူ ၁၂ဝဝဝဝ သယ်ယူပို့ ဆောင်ပေးခဲ့ ရပါတယ်။ ဒီမတိုင်ခင် တစ်ရက်က မာတင် လူသာကင်းဂျူနီယာရဲ့ အထိမ်းအမှတ် အားလပ်ရက် ဖြစ်နေတာဟာလည်း အာဖရိကန်- အမေရိကန်နွယ်ဖွား သမ္မတ အတွက်သာမန် တိုက်ဆိုင်မှု တော့ ဟုတ်ဟန်မတူ ပါဘူး။ ကျမ်းကျိန်ပွဲတက်ဖို့ အခမဲ့ လက်မှတ်စောင် ရေ၂ဒသမ၄သိန်းကို ကွန်ဂရက် အဖွဲ့ဝင်များကဝေထား သလို၊ ဧည့် ပရိသတ် အပေါင်း နှစ်သန်းခန့်တက်မယ် လို့ခန့်မှန်း ထားကြတယ်။ ပြည်ထောင်စုတစ်ဝန်းက ရဲတွေ ကိုငှား ရမ်းလုံခြုံရေးချထားသလို ဒီကျမ်းကျိန်ပွဲအ တွက် စီစဉ်ဆောင်ရွက်ကြ သူ ၄၃၂ ဦးထားခဲ့ရတယ်။ အစွန်းရောက် လူဖြူဝါဒီ တွေရဲ့ရန်နဲ့တခြား အစွန်းရောက်တွေရဲ့ ရန်ကိုလည်း စိုးရိမ်ရလို့ လုံခြုံ ရေးတွေအထပ်ထပ် ချတဲ့ အပြင် လေကြောင်း လုံခြုံရေး ကိုပါစီစဉ် ခဲ့ပါတယ်။ ပွဲထိန်းဖို့ ကိုတော့ နာမည်ကျော် FBI ကတာဝန်ယူရပြီး  လုံခြုံရေး ကိစ္စတွေကိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ လျှို့ဝှက်ထောက် လှမ်းရေး အဖွဲ့ (US Secret Service) ကတာဝန် ယူခဲ့ပါတယ်။ ဒီပရိသတ်ထုကြီး ချီတက်ပွဲ အတွက် ပြင်ဆင်ပေးရတဲ့ စရိတ်က သန်း ၄ဝ လောက် သုံးရတယ်တဲ့။ (ဖွင့်ပွဲနဲ့ ပရိသတ်ကိုပြတဲ့ TV ကြီး တွေ ထောင်တာ အပါ အဝင်ပေါ့လေ) အမေရိကန် ပြည်ထောင်စု (၅၆) ကြိမ်မြောက် သမ္မတ ကျမ်းကျိန် ပွဲမှာ (၄၄)ယောက်မြောက် သမ္မတ ရဲ့ သတင်းကိုတိုက်ရိုက် ထုတ်လွှင့်နေကြတဲ့ သတင်းဌာ နတွေ ကလည်းသူ့ထက်ငါအပြိုင်တင်ပြချက်မျိုးစုံနဲ့ စိတ်ဝင် စားအောင်အားထုတ်ပေးခဲ့ကြတာများ ကြည့်တဲ့ပရိသတ် အဖို့ အချိန်ကုန်လို့ကုန်သွားမှန်းတောင်မသိလိုက်ရ ပါဘူး။ မနက်ကတည်းက အိမ်ဖြူတော်ရဲ့ တဖက်တစ်ချက်မှာ ရှိတဲ့ စိန်ဂျွန်းဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုခဲ့တဲ့ အိုဘား မားဟာ သမ္မတဘုရှ်နဲ့အတူ လက်ဖက် ရည် သောက် ရင်းကက်ပီတို ခန်းမကိုထွက်ခွာဖို့ စောင့်နေခဲ့တယ်။ သတ်မှတ်ထားတဲ့ အချိန် ၁ဝနာရီ၄၉ မိနစ်မှာ အိမ်ဖြူ တော်ကနေထွက် တာ ၁ဝနာရီ ၅၉ (၁ဝမိနစ်အတိပဲ) မှာ ကက်ပီတို ခန်းမကိုရောက်လာပါတယ်။ အထူးဖိတ် ကြားထားတဲ့ သူတွေဟာလည်း ကက်ပီတို ခန်းမ ထဲမှာတစ်သုတ်ပြီး တစ်သုတ် ရောက်ရှိလာတာ ကို နေရာချပေးရတဲ့ Usher (ဧည့်ကြို) တွေတောင် မနည်းတိုးသွားနေရလောက်အောင် များပြား လှတယ်။ တက်ရောက် လာကြသူ တွေထဲမှာ သမ္မတဟောင်းတွေ ရောက် ရှိနေရာ ယူတဲ့အခါ နာမည် ကြေညာပြီး နိုင်ငံတော်တီးလုံး တီးပေးကာ ကြိုဆိုတာ လည်းမင်္ဂလာ တစ်ပါး ပါ ဘဲ။ ဘုရှ်၊ ကာတာ၊ ကလင်တန်စတဲ့သမ္မတ ဟောင်းစုံတွဲတွေကို စင်မြင့်ဘေးမှာနေ ရာပေးထားပါတယ်။ သမ္မတ ဟောင်းဘုရှ်က လူတိုင်းကိုပုတ်ကာ တရင်းတနှီးနှုတ် ဆက်ကာ ယခု အချိန်ထိ စည်းရုံးရေးဆင်းနိုင်သေး တဲ့ သူ့ရဲ့စိတ်ဓာတ် အင်အားဟာ သူ့ ရဲ့ယိုင်နဲ့နဲ့ ခန္ဓာအင်အားနဲ့ ဘာမှမဆိုင် ပါ။ ဘုရှ်နံဘေးက သမ္မတ ကတော် ဟောင်း လက်ရှိ သမ္မတရဲ့ အမေဖြစ်တဲ့ ဘာဘရာဘုရှ်ကတော့ မိန်းမ တွေထဲက ရှားပါးလွန်းတဲ့ ကံထူးရှင် ပါဘဲ။ သူမအမြဲပြောလေ့ ရှိတဲ့ သမ္မတကတော်၊ သမ္မတ အမေဖြစ်ရတာ ဂုဏ်ယူတယ် ဆိုတဲ့စကားဟာ မိန်းမသားတိုင်းပြောလို့မှမရတာ။
သမ္မတဟောင်း ရော်နယ်ရီဂင်သာ ရှိခဲ့ရင်ဒီကျမ်းကျိန်ပွဲဟာ သမ္မတဟောင်းတွေ အစုံနဲ့ ဘယ်လောက်တောင် ကျက်သရေ ရှိလိုက်မလဲ။  အိုဘားမားရဲ့ သမီးနှစ်ယောက်ကတော့ သူတို့အဘွား နဲ့ အတူ ကြိုရောက် လာကြ တယ်။ (၁ဝ)နှစ်သာရှိသေးတဲ့ သမီးကြီးဟာ သူ့အဖေကို ထောက်ခံ အားပေးနေ ကြတဲ့ ပရိသတ်ထု ကြီးကို ကြည့်ပြီး သူ့အဖေကို ဘယ်လောက် အထင်ကြီးလေးစားမယ် ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ကျေကျေ နပ် နပ် ကြီး ပြုံးပျော်နေတဲ့အဘွားနဲ့ မြေးမလေး တွေဟာ နောင်တစ်ချိန် အိုဘားမား က အာဏာကိုပြန်လည် လွှဲအပ်တဲ့ အခါမှာလည်း ကျေနပ်စွာ ပြုံးပျော် နေကြဦးမှာပါပဲ။ လက်ရှိသမ္မတ ဘုရှ်ဟာလည်း သူ့ရဲ့ နောက်ဆုံးရက် မို့ တည်ငြိမ်အောင် ကြိုးစားထား ပုံရတယ်။ ပရိသတ်ကလည်း ‘အိုဘားမား’ လို့ပဲသံပြိုင် ထပ်ခါ ထပ် ခါ အော်နေ ကြတာကိုး(သိပ် မကြာခင်အချိန်မှာ သမိုင်း တစ်ခုဟာ ပြောင်းတော့မယ်လေ) ။ ပြောင်းလဲ မယ်လို့ ယုံကြည်တဲ့ သူတို့ရဲ့အနာ ဂတ်အတွက် လာကြတဲ့ လူအုပ်ကြီးကို ကြည့်ရင်း အပြောင်း အလဲ ဆိုတာကို ဘယ်လောက် လိုချင်နေသလဲ ဆိုတာ ထင်ရှားပါတယ်။ ငါးယောက်မြောက် အငယ်ဆုံး သမ္မတဖြစ်တဲ့ အိုဘားမား ဟာ မျက်နှာကို သေသေချာချာ ထားပြီး ဣနြေ္ဒရရပဲ ဝင်လာပါတယ်။ (သူ့ရဲ့ တည်ငြိမ်အောင် ဟန်ဆောင်ထားတဲ့ မျက်နှာပြင် ရဲ့နောက်က စိတ်ထဲမှာတော့ ဘယ်လောက် လှုပ် ခတ် နေခဲ့သလဲ ဆိုတာကတော့ ကျမ်းကျိန်တဲ့ အခါမှာ နှစ်ခါတောင် ထစ်နေတာကြည့်ရင် သိသာပါ တယ်) ။ ကုတ်အင်္ကျီ အတွင်းက ကျည်ကာ အင်္ကျီ နဲ့ ဆိုတော့လည်း ပိုအနေခက်မှာပေါ့။

အခမ်းအနားဟာ ၁၁နာရီ ၄၅မိနစ်မှာ အထက်လွှတ်တော် အမတ်  Diane Feinstein ကကျမ်းကျိန်ပွဲမှာ ကွန်ဂရက်လွှတ် တော်ရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပါ တယ်။ အဲဒီအမျိုးသမီး ရဲ့မိန့်ခွန်း ထဲမှာ တကယ် လိုအပ်နေ တဲ့ အပြောင်းအလဲရဲ့ အချိုးအကွေ့အခါ သမယလို့ ဆိုသွားပါသေးတယ်။ ဖွင့်ပွဲဆုတောင်းပေးသူ အဖြစ်ဓမ္မ ဆရာ Rick Warren (လိင်တူလက် ထပ်ခြင်း ကို ထောက်ခံခဲ့သူ)က အမှာ စကားပြောကြားရာမှာ အီလီနွိုက် ပြည်နယ်ကနေဖြစ်တဲ့ တတိယ မြောက်သမ္မတအိုဘားမားကို ချီး ကျူး ထောမနာပြုပေးခဲ့ပါတယ် (အခြား သမ္မတ နှစ်ယောက် ကတော့ အီဗရာဟင်လင်ကွန်းနဲ့ ယူလီဆီးဂရန့်)။ အဲဒီနောက် ဆိုးလ်ဂီတ ဘုရင်မကြီးဖြစ်တဲ့ လူမည်း အဆိုတော် Aretha Franklin (အာရက်သာ ဖရန်က လင်)က  ’ My Country ‘Tis of  Thee’ သီချင်းကို အားပါးတရဆို နေချိန်မှာ သူ့ရဲ့မျက်နှာဟာ အာဖရိကန်- အမေရိ ကန်နွယ်ဖွား လူမျိုးတွေ အတွက် ဂုဏ်ယူစိတ်၊ အသားရောင် မခွဲခြားတော့တဲ့ လူဖြူတွေအတွက် ဝမ်းသာဂုဏ်ယူ စိတ်တွေနဲ့ တက်ကြွ နေပါတော့တယ်။ သူမဆိုတဲ့ သီချင်း စာသားကို ဂီတစာဆို ဆင်မြူရယ် ဖရန်စစ်စမစ်က ၁၈၃၁ခုနှစ်ကတည်း ကရေးသား စပ်ဆိုခဲ့တဲ့ ‘အမေရိက’ လို့လည်းလူသိများပါတယ်။ သူမသီချင်းဆိုပြီးတဲ့အချိန် ဒုတိယသမ္မတအဖြစ် ဂျိုးဘိုင်ဒင်က ကျမ်းကျိန်ပါတယ်။ ဒုတိယသမ္မတ ကျမ်းကျိန် အပြီးမှာ Jon William ရဲ့ ’Air and Simple Gifts’ သီချင်းတီးလုံးကို တူရိယာတစ်မျိုး စီနဲ့ ပညာရှင်လေးယောက်က တီး မှုတ်နေတာကို ရှေ့ကအိုဘားမားက လှည့်နားထောင်နေ ချိန်မှာ နောက် မှာရှိတဲ့ မီရှယ်လ် ကသူ့ ယောက်ျား ပခုံးကို ဆုပ်ကိုင်နှစ်သိမ့် အားပေး လိုက်ပါတယ်။ ဒါကိုကြည့်ရင် အို ဘားမားရင်ထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ကိုထပ်တူသိနေတဲ့ မီရှယ် က ဇနီးကောင်းတစ်ယောက်ဆိုတာ အခိုင်အမာ သက်သေပြ လိုက်တာပဲ။
နိုင်ငံတကာ မီဒီယာ သုတေသီတွေရဲ့ အဆိုအရကတော့ အိုဘားမား ရဲ့ သမ္မတဖြစ်ခန်းကို တီဗီ ကနေ စောင့်ကြည့်နေ တဲ့ ပရိသတ် ဟာ ၃၇ဒသမ ၈သန်း လောက် ရှိတယ်လို့ဆိုပါတယ်။ ၂ဝဝ၁ခုနှစ် တုန်းက ဘုရှ်ရဲ့ ကျမ်းကျိန် အခမ်းအနားထက် ၂ဝရာခိုင်နှုန်း ပိုများပါတယ်။ ၁၉၈၁ ခုနှစ်က သမ္မတဖြစ်ခဲ့ တဲ့ ရော်နယ်ရီဂင်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ကိုတော့ မမီသေးပါဘူး။ အဲဒီတုန်းက ရုပ်မြင် သံကြား ပရိသတ်ဟာ ၄၁ ဒသမ၈သန်း ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။  အိုဘားမား ကျမ်းကျိန် တဲ့အခါ မီရှယ်လ် က သမ္မာကျမ်း စာအုပ် ကိုကိုင်ပြီး အိုးဘားမားရဲ့ ဘယ်လက်က ကျမ်းစာအုပ်ပေါ် တင်၊ ညာလက် က လက်ဝါးဖြန့် ထောင်ကာ သစ္စာဆိုပါတယ်။ အဲဒီ ကျမ်းဟာ ၁၈၆၁နှစ်က လင်ကွန်း သုံးခဲ့တဲ့ ကျမ်း စာအုပ်ဖြစ်ပြီး ကွန်ဂရက်ရဲ့ စာကြည့်တိုက်ထဲမှာ သိမ်းထားခဲ့တာပါ။ အိုဘားမားဟာ စိတ်လှုပ်ရှား လွန်း လို့ တရား သူကြီး နှုတ်တိုက် ချပေးတဲ့ ကျမ်းကျိန်ဆိုမှု ကိုနှစ်ခါထစ်တာကို မီရှယ်လ်က ရယ်ပြီး အားပေး အကြည့်တွေ နဲ့ နှစ်သိမ့်ကာဘေးက မားမား မတ်မတ် ရပ်တည်နိုင်တဲ့ အာဖရိကန်- အမေရိကန် First Lady (သမ္မတက တော်)အဖြစ် ဂုဏ်ယူစရာမြင်ကြ ရမှာပါ။ သမ္မတအဖြစ် ကျမ်းကျိန်ပြီး ချိန်(ဝါရှင်တန်မြို့ တော်ရဲ့) မွန်းလွဲ ၈ မိနစ်မှာ အမြှောက်နဲ့ပစ်ဖောက် ဂုဏ်ပြုခဲ့တယ်။ အဲဒီနောက်သမ္မတ အဖြစ် ဦးဆုံးမိန့်ခွန်းကို ၁၈ မိနစ် ကြာ ပြောကြားသွားခဲ့ပါတယ်။ သူ့ မိန့်ခွန်းပါ စကားလုံး များကို သဘောကျလွန်းတဲ့ ပရိသတ်ဟာ လက်ခုပ် သြဘာတီးပြီး အားပေးကြတာ ကြက်သီးထစရာပါပဲ။ သူပြော သလို ‘အားလုံးညီတူညီမျှ၊ အားလုံး လွတ်လပ်ကြ ‘(All are equal , All are free)  ဖြစ်မဖြစ်ကတော့ စောင့် ကြည့်ပြီးမှအဖြေသိရမှာပါ။ သူ့ မိန့်ခွန်း အပြီး မှာတော့ ကဗျာဆရာမ အဲလီး စဘက် အလက်ဇန္ဒားက ‘Prais e Song For The Day’ ကဗျာကို ရွတ်ကာ ထောမနာပြုခဲ့ပါတယ်။ ဒီပွဲကို ခြုံကြည့် တဲ့ အခါ အနုပညာနဲ့ အနုပညာသည်ကို လေးစား အရေး ထားတဲ့ သူတို့ရဲ့စိတ် ဓာတ်တွေဟာ မာကျော ခက်ထန် မယ်လို့ မထင်ရက်ပါဘူး။
အရာရာကို တည့်မတ်ပေး သွားမယ်၊ ပြောင်းလဲပေးသွားမယ် ဆိုတဲ့ သမ္မတ အိုဘားမားရဲ့ကျမ်း ကျိန်ပွဲကတော့ မွန်းတည့်ချိန်မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ သူ တို့မွန်းတည့်ချိန်မှာ နေဝင်နေတဲ့ နိုင်ငံတွေ၊ သန်းခေါင်ကျော်ဖြတ် နေတဲ့ အာရှနိုင်ငံတွေကလည်း ဒီ ကျမ်းကျိန်ပွဲ ကြီးကို နှစ်သစ်ကူးတဲ့ ညကြိုသလိုဒင်နာ ပါတီတွေ နဲ့ စောင့် ကြိုကြတာကလည်း အမေရိကန် သမ္မတတစ်ယောက်ဟာကမ္ဘာမှာ ဘယ်လောက် အရေးပါသလဲ ဆိုတာ ထင်ဟပ်နေ သလိုပါပဲ။ အိုဘားမား နဲ့ပတ်သက် မှုပို ရှိတဲ့ ကင်ညာနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာတော့ အပျော်လွန်နေတာများ ဘယ်လို တင်စားပြောရမှန်းတောင် မသိတော့ပါ ဘူး။ ဟောင်ကောင်မှာရှိတဲ့ မဒမ်တူး ဆော့ ဖယောင်း ရုပ်တုပြ တိုက်မှာလည်းအိုဘားများရဲ့ ဖယောင်းရုပ်ကအ ချိန်ကိုက်ရောက်ရှိ ကာ ပရိသတ်အကြိုက်ဓာတ်ပုံ အရိုက်ခံနေပါပြီ။ နိုင်ငံအသီးသီး က ခေါင်းဆောင်တွေကလည်း ကျမ်းကျိန်ပွဲ တိုက်ရိုက် အစီအစဉ်ကို စိတ်ဝင်တစား အကဲခတ်ကြ၊ လူထုကလည်း စိတ်ဝင်စားကြတာဟာ အိုဘားမား ရဲ့အပြောင်း အလဲဟာ တစ်ကမ္ဘာလုံးအတိုင်းအတာကို သက်ရောက်နိုင်တာကြောင့်ဖြစ်ပါ တယ်။ အမေရိကားနဲ့ ဥရောပမှ စတင်ဖြစ်ပေါ်ခဲ့သော ငွေကြေး အကြပ်အတည်းနှင့် စီးပွားရေး ကျဆင်း မှုဖြစ်နေချိန်မှာ ရောက်ရှိ လာတဲ့သမ္မတဟာ ကယ်တင်ရှင် အဖြစ် ဘယ်လောက် အထိဆောင်ရွက် နိုင်မလဲ ဆိုတာ ကတော့ ပူးပေါင်း ဆောင်ရွက် ကြမယ့် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ နဲ့လည်း အများကြီး ဆိုင်ပါတယ်။ ဒါ့အပြင် စစ်ရေးနဲ့ပတ် သက်လို့ ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင် များကလည်း အရှေ့ အလယ်ပိုင်း ပြဿနာကို ဦးစားပေးဖြေရှင်းရန် တိုက် တွန်းထားတာကြောင့် စစ်မီးများကို ဆောလျင်စွာ ငြှိမ်းသတ်နိုင်မယ် လို့လည်း မျှော်လင့်မိပါတယ်။

ငွေသော်တာ