ဒီတောဒီမြိုင် ရှူရာဘန်စတိုင်

‘ဟိုက်…ဒီနေ့ကံမကောင်းပါလား’ ဒီလိုရေရွတ်လိုက်လို့ တွတ်ပီနဲ့ဗိုက်ကလေးလို့ မထင်လိုက်ပါနဲ့၊ မသေးမျှင်နဲ့ ဆင်တဲ့ ဒေါဖောင်းဖောင်း လူဖောဖော  ကျွန်မကိုယ်တိုင်ပါပဲ။ ဒီဆင်ခန္ဓာဝက်ကိုယ်လုံးနဲ့လူက ရွှံနွံထဲနစ် နေ တဲ့ပုံကို စိတ်ကူးကြည့်ကြပါဦး။ ကင်မရာကို လည်ပင်းမှာ ဆွဲထားတာ တောင် စိတ်ချမလို့ လက်နဲ့ထိန်းရင်း ကိုးရိုးကားရားနဲ့ နွံထဲကကြာဖြစ်နေတဲ့ ကျွန်မကိုယ်တိုင်လည်း ဒီနေရာကိုဘာကြောင့် ရောက်လာရပါလိမ့် လို့ အမြန်ပြန် စဉ်းစားမိတော့ ….။  မြစ်ပြင်ထဲမှာထိုးဝင်နေတဲ့  တောစပ်လေး…။ တောစပ်ရဲ့ သင်္ကေတက လေယာဉ်ဦးချွန်လို ကျွန်းဆွယ်ထိပ်မှာ ကဗျာဆန်စွာပေါက်နေတဲ့ အထီးကျန် သယောင် သစ်ပင်ခြောက်လေး နှစ်ပင်ပါပဲ။‘အဲဒါ ရှူရာဘန်ရဲ့အစပဲ။ ဒီတောတစ်လျှောက် သင်္ဘောနဲ့ တစ်နေကုန် လိုက်ကြည့်ကြမယ်၊ ကမ်း ကပ်ပြီး ကြည့်ဖို့ လိုရင် လှေနဲ့ ကပ်ကြရမယ်’လို့ တောခေါင်းက ညွှန်ပြပြောဆိုနေချိန်မှာ ကိုယ်က တော့  ဓာတ်ပုံတွေကို ရှုထောင့်စုံအောင်နဲ့ အနီးအဝေးစုံအောင် ရိုက်နေတာနဲ့ ဘာအခက်အခဲ တွေ ကြုံနိုင်တယ် ဆိုတာတောင် မစဉ်းစားမိဘူး။ ဒီနေရာကိုရောက်ဖို့ မနေ့ တည်းက ဒါကာမြို့တော်ကနေ ထွက်လာရတာ၊ တစ်နေကုန်ကား စီးပြီးမှ မွန်ဂလာဆိပ်ကမ်း ကိုရောက်၊ ညအိပ် နားပြီး ဒီမနက်သင်္ဘောနဲ့ ဓနိတော၊ လမုတောတွေရှိတဲ့ ရှူရာဘန်ဆိုတဲ့ လှပလွမ်းမောဖွယ် မြသစ် တောဆီကို ထွက်လာကြတာပါ။ သူများတကာတွေရဲ့ နိုင်ငံခြားခရီး လေ့လာရေးဆိုတာမှာ ဒီလို ဒီရေတောထဲသွားတာမျိုးမှ ပါဖူးပါလေစလို့ တောင် စဉ်းစားမိတယ်။ ခုခရီးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ မီဒီယာ လေ့လာ ရေးခရီးပါ။ ကျွန်မတို့လိုပဲ UAE နိုင်ငံက သတင်းထောက် တွေလည်း ပါတယ်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတို့သဘာဝပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်း ထားတယ်၊ ကမ္ဘာလှည့်ခရီး သွားတွေ နှစ်သက်မယ့် ဒီရေတော တွေရဲ့ ဆွဲဆောင်နိုင်မှုတွေ နိုင်ငံတကာကို သိစေချင်တာလည်းပါမယ်။သောင်ပြင်နုနုပေါ်က မြက်နုနုတွေ စားနေတဲ့ နွားအုပ်ဟာ တန်ဖိုးကြီးပန်းချီကားတစ်ချပ်လို ခံစားဖို့မဖြစ်နိုင် ပါဘူး။ ကောက်ရိုးတွေ အိနေအောင် တင်ကာ ခုတ်မောင်းနေတဲ့ စက်လှေရဲ့ အနုပညာပြကွက်မှာ ရိုးသားတဲ့ အသက်မွေးဝမ်းကျောင်းမှုကို ကြည်နူးမိဖို့ဆို တာလည်း တန်ဖိုးထား တတ်မှပါ။မြစ်ထဲကရေကို ဒန်အိုးနဲ့ခပ်လို့ ခါးထစ်မှာအဲဒီရေအိုးကို ခွင်တဲ့သူကခွင်၊ ရွက်တဲ့ သူက ရွက်နဲ့ သောင်ပြင်တစ်လျှောက်မြင်ရတဲ့ မြင်ကွင်း တွေက အဲဒီဒေသရဲ့ သင်္ကေတတွေပဲပေါ့။ ခရီးသည်တင် သင်္ဘောတွေ၊ ကုန်တင်သင်္ဘောတွေနဲ့ ဒီမြစ် ကြောင်းရဲ့ လှုပ်ရှား သက်ဝင်မှုက ဘဝင်စိတ်ကျတဲ့ အနေအထားမျိုး ဘယ် တော့မှရှိမှာမဟုတ်။ မြစ်ကြောင်းတစ်လျှောက် ထွက် လာပြီး နာရီဝက်အကြာမှာ တောစပ်ကို စတွေ့ရပါပြီ။ ဒီတောအတိုင်းဆက် ဆင်းသွားရင် ဘင်္ဂလား ပင်လယ် အော်ကို ရောက်မှာပါ။ ဒီရေတောရဲ့အကျယ်က ဧက (၁ဝဝဝဝ) နီးပါးရှိပါ တယ်။ ပင်လယ်ထဲ စီးဝင်နေတဲ့ မြစ်လက် တက်တွေမှာ စိမ်းစိုတဲ့ ဒီရေတောတွေနဲ့ မြစိမ်းရောင်ခါးပတ် ကမ်းရိုးတန်းဖြစ်နေဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကြိုးစားနေရတယ်။ ဒါမှ မုန်တိုင်းဝင်လို့ ရေကြီးတဲ့အခါ လှိုင်း အရှိန်လျော့အောင် ဒီရေတောတွေက ကူညီနိုင်လိမ့်မယ်။ စိမ်းလန်းတဲ့ သစ်တောများကလည်း ရာသီဥတုပြောင်းလဲ ဖောက်ပြန်ခြင်းကို ကာကွယ် ပေးလိမ့်မယ်။ လမုတော တွေနဲ့ ကျေးငှက်တိရစ္ဆာန်တွေ သဘာဝအတိုင်း ရှိနေခြင်း ကလည်း သဘာဝ ပတ် ဝန်းကျင်ထိမ်းသိမ်းဖို့ အထောက် အကူပြုသလို နိုင်ငံခြားသားတွေကို ဆွဲဆောင် နိုင်စရာ တစ်ခုဖြစ်နေနိုင် တာပဲ။ ကျွန်မ ကိုယ်တိုင်လည်း ဒီနေရာ ဟာ ဘယ်လိုဆွဲဆောင်မှာလဲလို့ သိချင်စိတ်တွေနဲ့ ရောက်လာ ရတာ ပဲလေ။ ဒီလိုနေရာကိုကျွန်မက ရွေးချယ်ပြီး လာခဲ့ရတာမျိုး မဟုတ်ဘဲကံတရားကြောင့် ဒီလိုအစိမ်း သက်သက် အတွေ့အကြုံတွေကို ရရှိရမှာလို့ပဲဆိုပါတော့။ ဒေသ မြင် ကွင်းအားဖြင့်သာ ကျွန်မအနေနဲ့ စိမ်းတာပါ။ ဘန်ဂါလီလူမျိုးတွေအပေါ် ကျွန်မရဲ့စိတ်က သူစိမ်း မဆန်ဘဲ ရင်းနှီးကျွမ်းဝင်နေတာ၊ သူတို့အပေါ်ယုံကြည်မှု နဲ့ နွေးထွေး မှု အပြည့်ရှိနေတာကတော့ တစ်မျိုးလေး ဆန်းနေ သလားလို့။ ဒီခရီးအတွက်ဘာကိုမှ ကြို တင်ပြင် ဆင်မှု မရှိသလို ဘာကိုမှလည်း မမျှော်လင့်ထားတဲ့ အတွက် ဒီရေတောနဲ့ ပတ်သက်တဲ့ ဆောင်ရန်တွေပါ မလာခဲ့တော့ ခက်ပြီပေါ့။ကမ်းကပ်ဖို့ သင်္ဘောရပ်လိုက်ခါမှ စီးလာတဲ့ညှပ် ဖိနပ် နဲ့ မဖြစ်လောက်ဘူးလို့တွက်ပြီး သင်္ဘောပေါ်မှာရှိတဲ့ ဘွတ် ဖိနပ်တစ်ရန် ငှားစီးလိုက်တယ်။ ဟောင်းနွမ်း နေတဲ့ ကင်းဘတ်ဖိနပ် ထဲတစ်သျှူးစက္ကူခင်း၊ ခြေဖမိုးပေါ်မှာလည်း တစ်သျှူးစက္ကူတွေပတ်ပြီး ခြေအိတ်သဖွယ်ပေါ့လေ။ သင်္ဘောပေါ်ကနေ စပိဘုတ်လေးပေါ်ဆင်းပြီးမှ ကမ်းနားမှာကပ်ထားတဲ့ လှေဆီသွား၊ အဲဒီလှေပေါ်ကနေတစ်ဆင့် ကမ်းပါးကိုဆင်းရတယ်။ ဒီရေတောဆိုတာ ရွှံ့နွံတော လို့သိပေမယ့် တစ်ခါမှမနင်းဖူးခဲ့။ ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်တို့ ရောက်ဖူးပေမယ့် ဓနိတော၊ လမုတောတွေဆီ ခြေမချဖူးဘူး။ ရောက်မယ့်ရောက်တော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ရွှံ့နွံတောဆီကို။ နည်းနည်း နောနော ပဋ္ဌာန်းဆက်တော့ မဟုတ်လောက်။ အားလုံးရဲ့ပုံကို ရိုက်ယူနိုင်ဖို့ နောက်ဆုံးချန်ခဲ့ပေမယ့် စိတ်မြန်ခြေထောက် မြန်တဲ့ ကျွန်မကရှေ့ကိုပြန် ရောက်သွားတာပါပဲ။ UAE အဖွဲ့တွေက လိုက်လို့မရ တော့ဘူးဆိုပြီး ကျွက်စီကျွက်စီနဲ့ ကျန်ခဲ့ကြပြီ။ ရွှံ့နွံ တွေဆီရောက်တော့မှ လမ်းလျှောက် ဖို့ခက် တော့မယ်ဆိုတာ သိလိုက်ပြီ။ နည်းနည်း လှမ်းပြီးတဲ့ အချိန်မှာရွှံထဲစနစ်ပြီ။ တစ်သျှူးနဲ့ ပတ်ပြီး ဝတ်လာတဲ့ ဖိနပ်ဟောင်းကလည်း သူ့ရည်းစားဟောင်းနွံနဲ့ တွေ့ ပြီး အလွမ်းသယ် နေလိုက်တာ ခွာထုတ်လို့ကိုမရ၊ ကိုယ့်ခြေ ထောက်ပဲ ဖိနပ်ထဲကရအောင်ထုတ်ပြီး သူ့ ကို နွံထဲချန်ခဲ့တော့ ခြေဗလာနဲ့ သတိထား ရုန်းနေ ရတယ်။ ဒေသခံ တောခေါင်းအဖွဲ့ကို လက်လှမ်းမီရာ လက်ဆွဲ၊ ခါးပတ်ဆွဲလုပ်ပြီး လျှောက်ရပြီလေ။ လက်ထဲက ကင်မရာကလည်း အရေးပါသမို့ ယုယဂရုစိုက် ရသေး။ တောထဲရောက်ရင် တွေ့ရမယ့် ပျားလပို့ကြီးတွေမှာ ပျားဖွပ်ပြဖို့ ဒေသခံ တွေက မီးရှို့မယ့် အရွက်စည်းတွေ ပွေ့တဲ့လူကပွေ့၊ ပျားရည်ပါတဲ့ ပျားဖယောင်းထည့်ဖို့ ပုံးတွေဒန်အိုးတွေ သယ်သူကသယ်နဲ့။ လက်နက်ကိုင် အစောင့်တွေ ကပါသေး။ သူတို့ကို အသေးစိတ် ဂရုမစိုက်အား၊ ရွှံ့နွံကနေရုန်း ဖို့ ကိုယ့်ကိုယ်ကိုယ် အားစိုက် နေရတယ်။ တာထဲအတော်ဝင်မိတဲ့အခါ ရွှံ့နွံတွေသိပ်မပျော့တော့သလို သွားမယ့် လမ်းလေးမှာ လည်း အရွက်ရှည်တွေ ခင်းထား တော့ ရွှံ့နစ်ခြင်း ပြဿနာမရှိတော့။ ပြဿနာမရှိလို့ လမ်း လျှောက် လို့ အဆင်ပြေပြီ မထင်ပါနဲ့၊ ခင်းထားတဲ့ အရွက်ရဲ့ အနားတွေက ဆူးလေးတွေ ခပ်စိပ်စိပ်ပါတော့ ဖိနပ် မပါတဲ့ ခြေထောက်နဲ့ တွေ့ကြပြီပေါ့။ ရွှံ့မနစ်တော့ ပေမယ့် ဆူးစူး မှာစိုးတော့ ခြေလှမ်းတွေကို သတိထားရင်း အပင်ရင်း တွေနားက ရွှံ့တွေထဲ လှမ်းရပြန်ပေါ့။ ဒါတောင် ဆူးခြစ်မိ တာပါပဲ။ အဲဒီချိန်မှာ သတိထားမိတာက သစ်ငုတ်တိုလုံးလုံး သွယ် သွယ်လေးတွေပါ။ အဲဒီ ငုတ်လေး တွေက ခြေထောက် လှမ်းရင် မချော်အောင် ထိန်းပေးသလိုမျိုးမို့ အတော် အဆင် ပြေတယ်။ လမ်းတစ် လျှောက်မှာ ပျားအိမ်ဖွဲ့စပျားသလက်လေးတွေ၊ ရေချိုနဲ့ရေငန် အစပ်မှာ ပေါက်လေ့ရှိတဲ့ သစ်ကပ်ပင်တွေ၊ ပျားတွေဝတ်ရည်စုပ်တဲ့ ပန်းလေး တွေကို အရသာ  မခံနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ်ထိန်းရင်း ဓာတ်ပုံရိုက်ရသေးသပေါ့။ ကိုယ့်ကို ပြန်ရိုက်ပေးမယ့် သူကမလွယ်။ အဖွဲ့ထဲကတစ်ဝက်လောက်က နွံတောထဲမှာ မရုန်းချင်တာနဲ့ ကျန်ခဲ့ကြပြီ။ အပင်တွေက ဓနိ၊ သမဲ့၊ သပေါ့၊ ရေခွေး တောက်(စားလို့မရ) အုန်းပင်သေးလိုလို သင်ပေါင်းပင်၊ အရွက်က ဓားပြားသဖွယ်ဖြစ်နေ တဲ့ ငှက်ကြီးတောင်(မှိုရိုးလို့လည်းခေါ်၊ ဆောင်းလေးပင်၊ ရှန်ကာ (ဗမာကတော့ မြင်းကာပင်လို့ခေါ်) ၊ ရေသခွတ်၊ ဂျင်ပင်အစရှိသဖြင့် ပေါ့လေ၊ သမဲ့ပင်က အများဆုံးပါပဲ။ အရွက်ချွန်၊ အရွက်ဝိုင်း၊ အနှစ် ရှိ၊ အနှစ်မဲ့၊ အမျိုးကတော့ တော်တော်စုံတယ်။ ကိုယ်က မြစ်ဝကျွန်း ပေါ်သူမဟုတ် တော့ အသေးစိတ် မသိ။ ပျားလပို့ကြီးတွယ်နေတဲ့ အပင်ကိုအရောက်မှာ ပျားဖွပ်ပြဖို့ ပြင်ကြ ပြီ။ တောခေါင်းက ”ကျွန်တော်တို့ အရွက်ကိုမီးရှို့ပြီး ပျားအုံကို အငွေ့တွေ ပေးပါမယ်။ အဲဒီအခါမှာ ပျားတွေပျံလာတတ်တဲ့အတွက် …”သူ့စကားမဆုံးခင်မှာပဲ ကျွန်မ အမြန်ဖြတ်ရပြီ ”ကျွန်မတို့ ပြန်ထွက်ပြီး တောစပ်နား ရောက်မှ ပျားဖွပ်ပါ၊ ဒါမဟုတ်လည်း မဖွပ်ချင် မဖွပ်ပါနဲ့၊ ကျွန်မ ပျားရည်သောက် ဖူးပါတယ်။ကျွန်မတို့ဆီမှာလည်း ပျားရည်ပေါပါတယ်” ပေါ့။ ပျားလိုက်ရင် ပြေးရမယ့်လမ်းက တစ် လမ်းတည်း၊ အဲဒါကလည်း ရွှံ့လမ်း၊ ဘယ့် နှယ် လွတ်ပါ့မလဲ။ ပုံမှန်လျှောက်ဖို့တောင် အနိုင်နိုင်လုပ် နေရတာ၊ ထွက်ပြေးတယ်ဆို တာ လွယ်မှတ်လို့။ ဓနိခြောက်တွေကို ဓနိစိမ်းတွေနဲ့ အုပ်ပြီး စည်းလာတဲ့ အရွက် စည်းတွေဟာ မီးရှို့ရင် ရွက်ခြောက်က လောင်ပြီး ရွက်စိမ်းက မီးခိုးအူ ထွက်လာတာ မို့ ပျားဖွပ်ဖို့ လွယ်ပါတယ်။ ဒီရေတောမှာ စွဲ တတ်တဲ့ ပျားတွေကယင်ပျား၊ သစ်ခေါင်းပျား တွေပါပဲ။ သစ်ခေါင်းပျားတွေက သဘာဝအလျောက် သစ်ခေါင်းဖြစ်တဲ့ အပင်တွေမှာ ပျားတွေအိမ်ဖွဲ့ နေကြပြီး မိုးတွင်းဆို လည်း မိုးခိုပြီးသား ဖြစ်တာပေါ့။ အဲဒီ သစ်ခေါင်းပျားက ဆေး ဖက်ဝင်သလို ပျားရည်အရလည်း နည်း တော့ တန်ဖိုးကြီးတယ်။ ကမ်းနားပြန် ရောက်တော့ ရေနဲ့ကုန်းအစပ်မှာ ငါးသလဲထိုး  အရွယ် ငါးလေး တွေခုန်လိုက်၊ ရေထဲပါသွားလိုက်၊ ပြန်တက် လာလိုက်နဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း လိုပဲ။ သူတို့ ဆီမှာ ‘မန်နူး’ ငါးလို့ခေါ်ပြီး မြန်မာ ပြည်မှာတော့ ငါးဖျံခေါ်မယ် ထင်တယ်။ ညှီလွန်းလို့ မစားကြပါတဲ့။ အဲဒီငါးတွေ ဓာတ်ပုံရိုက်ပြီး ပြန်အလှည့်မှာတော့ ရွှံ့ထဲကို ဒူးခေါင်း ကျော် တဲ့အထိ နစ်ဝင်ပါလေရော။ လူသုံးယောက် လောက် ဆွဲမမှ ရွံ့ ထဲက ထွက်လာတော့တယ်။ ကိုယ် အလေး ချိန်ပေါင် (၁၅ဝ)ကိုး။ ဆွဲမထားတဲ့ဒဏ်တွေကို နောက်တစ်နေ့မှာ ခံရ တော့မယ်ဆိုတာ မရိပ်မိခဲ့ဘူး။ ဘင်္ဂလား လူမျိုးတွေကခင်စရာ ကောင်းအောင်ဖော်ရွေတတ် ကြတယ်ဆိုတာ ဒီခရီးမှာတော်တော် ခံစား မိပြီ။ လူတွေရဲ့ ရိုးသားတဲ့နှလုံးသားဟာ သူတို့မျက် နှာတွေနဲ့ တိုက်ရိုက် အချိုးကျနိုင်သလို ပြောင်းပြန် အချိုးကျ တယ်ဆို ရင်လည်း မမှားနိုင်ပါဘူး။ ကမ်းမှာ ကပ်ထားတဲ့ လှေဝမ်းဗိုက်ထဲမှာ ခြေထောက်တွေ ဆေးပြီး ချိန်မှာတော့ ပျားရည်ပါတဲ့ ပျားဖယောင်း လှီးလာတာတွေ ရောက်လာပါပြီ။ တစ်ယောက် နည်းနည်းစီဖဲ့ပြီး ပျားရည်စုပ် ကြတဲ့အခါ အမောပြေ တဲ့ အဲဒီပျားရည်ရဲ့ ချိုမြိန်မှုကို ခုလိုစာရေးနေချိန် မှာတောင် တမ်းတမိရဲ့။ ပျားဖယောင်း တွေကို လည်း ပီကေဝါးသလို ဝါးပြီး ပျားရည်စုပ်ရတဲ့ အဖြစ်ဟာ သမားရိုးကျတစ်ခုတော့ မဟုတ်ပါ။ စက်လှေအသေးနဲ့ သင်္ဘောဆီ ပြန်သွားပြီး ရှူရာဘန်ရဲ့ တောတစ် လျှောက်ကို ခံစားတဲ့အခါ အလှတရားက ကုန်းပေါ်မှာကော၊ ရေထဲမှာကော တွေ့ရပါရောလား။ ပုစွန် ဖမ်းတဲ့ လှေအုပ်စုတွေဟာ ပန်းချီ ကားတစ်ချပ်လိုလှနေ တာပါပဲ။ သူတို့ ရင်ဆိုင်နေရတဲ့ ဘဝတွေကကော လှပပါ့မလားလို့ ကျွန်မကိုယ်ချင်းစာကြည့်ဖြစ်တယ်။ တံငါလှေအုပ်ဟာ ကုလား ဘုတ်လှေနှစ်စီးကို တစ်ပိုက်နှုန်း (မြန်မာလိုတော့ ကျားပိုက်)နဲ့ ရေစီးမှာခံပြီး ငါးကို မြှုံးထောင်သလို ဖမ်းကြတယ်။ အဲဒီ လှေနှစ်စီးရဲ့ကြားထဲ မှာ အကူလှေနဲ့ ငါးဖော်တယ်ဆိုတော့ သုံးစီး တစ်တွဲ အလုပ်လုပ်ကြ တယ်ပေါ့။ အဲဒီလှေအုပ်တွေရဲ့ ဟိုးဘက်မှာ ခပ်ပျပျမြင်ရတာက သူတို့ မိသားစုတွေ ရှိကြတဲ့တဲ လေးတွေနဲ့ တံငါရွာပါ။ သစ်တောကိုလည်းမှီ၊ မြစ်ကို လည်းမှီလို့ ရုန်း ကန်နေတဲ့ သူတို့ ဘဝဟာ ကျွန်မတို့ ရဲ့ စံနှုန်းနဲ့ဆိုရင်တော့ ပင်ပန်းဆင်းရဲတယ် ဆိုရမှာပဲ။ ဒါပေမဲ့ သူတို့ဟာ နေပူအောက်က မြစ်ပြင်ထက်မှာ ကျောဗလာနဲ့ တစ်နေကုန်နေနိုင်၊ ဒုက္ခခံနိုင် တာကို တွေ့ရတော့ သူတို့ ခံနိုင်ရည်ရှိကြမယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ပင်လယ်ကူးသင်္ဘောကြီး တစ်စင်းကိုတွေ့တော့လည်း မနေ့ညက ဆိပ် ကမ်းတစ်လျှောက် ပတ်ကြည့်ရင်းကပ်ထားတဲ့ MV-FAR EAST သင်္ဘောကြီးပေါ်က မြန်မာအင်ဂျင်နီယာတွေနဲ့ လုပ်သားတွေကို သတိ ရမိပြန်ရော။သူတို့ရဲ့ တစ်နေ့ တာအလုပ်က ဒါဒါပဲ ထပ်နေမယ်ထင် တယ်။ ပင်လယ်ထဲမှာဆိုလည်း သွားစရာက ကုန်းပတ်ပေါ်သာ။ ခုလို ကမ်းကပ်ချိန်မှာလည်း သွားစရာအထွေထူးမရှိတဲ့ မွန်ကလာ ဆိပ်ကမ်းလို မျိုးဆို တော့ဘဝကို ငြီးငွေ့တဲ့နိဗ္ဗိန္ဒဥာဏ်က သူတို့ဆီ မြန်မြန်ကိန်း လိမ့်မယ် ထင်တယ်။ကျွန်မတို့ကိုတွေ့တော့ မြန်မာတွေ သာမက သင်္ဘောပေါ်မှာ ပါလာတဲ့ အခြား သင်္ဘောသား တွေပါ အူမြူးနေကြလေ ရဲ့။ ကျွန်မတို့ အဖွဲ့သားတွေကလည်း မြန်မာလူမျိုးဆိုတာကို ကျွန်မတို့နဲ့ တင်ခင်လို့ အားမရ၊ သူတို့ကပါ မြန်မာသင်္ဘော သားတွေကို အမျိုးတွေ့ သလို ဝမ်းသားအားရနဲ့။ ရင်းနှီးချစ်ကြည်ရေး ဆိုတာ တမင်တကာ လုပ်လို့ရတဲ့ အရာတွေ မဟုတ်မှန်း ပိုပို သိလာသလိုပါပဲ။ကမ်းတစ်လျှောက်မှာ ပျံသန်း နေတဲ့ kingfisher ငှက်ပြာလေးတွေ၊ တောအစပ်က ဗျိုင်းဖြူလေးတွေဟာ လည်း ဒီတောရဲ့ အလှကို ဖြည့်ပေး နေကြသူတွေပါပဲ။သူတို့ခေါ်တဲ့ kingfisherဆိုတာ ဒီမှာကတော့ ပိန်ညှင်း (ဘီညှင်း)ငှက်လို့ ခေါ်မှာ ပေါ့။ ရေနားနေပြီး ငါးစားတဲ့ ငှက်မို့ တော့ မဟုတ်လှဘူး ပေါ့လေ။ သင်္ဘောကို မြစ်လယ်မှာရပ်ကာ စက်လှေ အသေးနဲ့ ကမ်းတစ်ခါ ပြန်ကပ် ပြီး လမုတော တွေကြည့်ကြ ပြန်တယ်။ ဒီတစ်ခါတော့ ရွှံ့မနစ် တော့ ပါဘူး။ မြေသားလမ်းအမာက ပါးပျဉ်း ပါကျနေသလို ငုတ်ပြားကြီးတွေနဲ့ ဒီရေ ထိန်း ကြတယ်။ တောထဲက အပင်ကြီး တွေ မှာလည်း ဒီရေတောပေါက် သစ်ခွလိုမျိုးသစ်ကပ်ပင်၊ စွန်ပင်တွေနဲ့ ကြက်တူရွေးပန်း၊ အာမဲလက်တံတို /ရှည်၊ ငှက်ကြီး စလုပ်ပန်း တွေဟာ သူ့အချိန်နဲ့သူ ဝေဝေဆာဆာ ပွင့်ကြလိမ့်မယ်။ ကဏန်းလေးတွေလည်း နွံပြင်က ကျင်းဝနားလေးတွေမှာ အစီအရီ။ တချို့ကဏန်းတွေရဲ့ လက်မက တစ်ဖက်တည်း ကြီးနေ တယ်။ ဒီရေတက်လာရင် အဲဒီ လက်မနဲ့မြှောက်ပြီး အချက်ပြကာ နေရာရွှေ့ကြလို့ စစ်ချီကဏန်းလို့ ခေါ်ဆိုပဲ။ စစ်ချီကဏန်းမို့ သူတို့တွင်းဘေးက ကဏန်းကျစ် စာလုံးလုံး အစ္စလာမ်တွေရဲ့ဝတ်ပြုတဲ့ ရက်ဖြစ်သလို နက်ဖြန်ဟာလည်း သူတို့ရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် အားလပ်ရက်တွေ ဆက်နေတာမို့ ရှူရာဘန် ဒီရေတောကို အပန်းဖြေ ခရီးထွက်လာကြတဲ့သူတွေမှ ငှက်တံငါတစ်မျိုးပဲပေါ့။ ဒီလိုနေရာတွေမှာ မျောက်တွေလည်း နေပါတယ်။ မျောက်တွေက ငါးလည်းဖမ်းစား၊ သစ်ရွက်သစ်ဖုလည်း စားကြတဲ့ မျောက်တံငါမျိုးတွေဆိုပဲ။ ရေနားနီးတဲ့ သတ္တဝါတွေဆိုတော့ လူတံငါ၊ ငှက်တံငါ၊ မျောက်တံငါ ဆိုတဲ့ နာမ်စားတွေဟာ အထူးဆန်း တွေ၊ သစ်သားလျှောက်လှမ်း တံတား ရှည်တွေနဲ့မို့ ဒီရေတော ဥယျာဉ်ကို အေးအေးဆေးဆေး လေ့လာလို့ရပါပြီ။ မြေသားမာတဲ့ နေရာတချို့မှာ လူရှင်းချိန်ဆို မျောက်တို့၊ သမင်တို့လာလေ့ရှိကြ တယ်တဲ့။ ဘင်္ဂလားတော်ဝင်ကျား တွေလည်း ရံဖန် ရံခါ တွေ့ရတဲ့ အ ကြောင်း၊ ဆိုက်ကလုန်း မုန်တိုင်း ဝင်လို့ရေး ကြီးတဲ့အခါမှာတော့ တောမှာရှိတဲ့ တိရစ္ဆာန်အသေ အပျောက်လည်း များတတ်တဲ့ အကြောင်းကို ဒေသခံတွေက ရှင်းပြ ကြပါ တယ်။ သီးသန့် ထိန်းသိမ်းထားတဲ့ သမင်တွေကို တော လည်လာကြတဲ့ သူတွေက အာလူးတွေ ကျွေး၊ မျောက် တွေကို သခွားသီးတွေ ကျွေး ကြလေရဲ့။ မိကျောင်းကိုတော့ ကြက်အရှင်နဲ့ မြှူဆွယ်ခေါ်ပြီး ကြည့်ကြရတယ်။ ကိုယ့်ရှေ့ တင်ပဲ အသက်ပျောက်သွားတဲ့ ကြက်ကို တွေ့ရတော့ စိတ်ကမသက်သာ။ သြော် မိကျောင်းလေး တစ်ကောင် လောက်မြင်ရဖို့ အရေးငါ့နှယ် နော်…။သာကေတ မိကျောင်း မွေးမြူရေး စခန်းမှာဆို ချောင်းဘေး လတာပြင်ပေါ်မှာ မိ ကျောင်းကြီးတွေ အစီအရီတောင်မှ ကျပ်လို့ထပ် နေသေး။ ဒီနေ့ မတ်လ(၂၅) ရက်နေ့ ဟာ သောကြာနေ့ဆိုတော့ အများကြီးပါပဲ။ လူတွေ များမှ တော့ ဘင်္ဂလားမိန်းမလျာ တွေလည်း တွေ့ရတာပေါ့။ ကျွန်မကဓာတ်ပုံ လှမ်းအရိုက်မှာ ခါးလေးပါနွဲ့ပြ လိုက်သေး။ သဘာဝတရားကတော့ နေရာမရွေးပါလေ။ သူတို့ရဲ့ ရှူရာ ဘန်ကိုလည်း ကမ္ဘာ့ အလှဆုံး ဒီရေ တောအဖြစ်မဲပေးကြဖို့လည်း ဆော် သြထားလေရဲ့။ ကမ္ဘာ့ သဘာဝ အံ့ဖွယ်(၇)ခုထဲမှာ သူတို့ ပါဝင်ချင် တော့ ကြိုးစား ကြမှာပေါ့။ တောထဲရောက်လို့ ခုနက တွေ့ခဲ့ရတဲ့ သစ်ငုတ်ချောလေးတွေ အများကြီးတွေ့ရမှ သဘာဝအတိုင်း ဖြစ်နေတဲ့ ငုတ်တွေပါလားဆိုတာ သိရတာ။ အဲဒါတွေကို မြစ်ဝကျွန်း ပေါ်ဒေသမှာတော့ ‘ဗြူး’လို့ ခေါ်ပါ သတဲ့။ လေရှူမြစ်ပေါ့၊ သမဲ့က ထွက် တဲ့ဗြူးက လက်သန်းအရွယ်၊ ဂျင်ပင်၊ ကနစိုပင်ကထွက်တဲ့ လေရှူမြစ်က သက်တမ်းပေါ် မူတည်ပြီး ကြီး၊ တချို့ လေးတွေကို မိုင်းလုံးလို့ ခေါ်ကြ တယ်။ တွင်းနက်ရင် နက်သလောက် မိုင်းလုံးလေးတွေများတာပေါ့လေ။ ကြည်နူးစရာတွေ၊ စူးစမ်းစရာ တွေရှိနေတဲ့ အဲဒီ အရပ်မှာ ကျွန်မတို့အားလုံး မောပေမယ့်မနားအား။ စက်လှေနဲ့ သင်္ဘောဆီ အပြန်လမ်း မှာတော့ ကိုတံငါတို့ရဲ့ လှေနှစ်စီးကို အနီးကပ်တွေ့ပြီး စပ်စုလေ့လာ ကြ ပြန်ရော။ လှေပေါ်မှာ လူတစ်ရပ် အမြင့် မီးအုပ် (သုံးဖက်ပိတ်၊ တစ် ဖက်ဖွင့်)၊ ငါးထည့်ဖို့ ပလိုင်းတွေ၊ ဖျံလှောင်အိမ်၊ ငါးဖမ်းပစ္စည်း၊ ရေစူးကျောက်၊ သောက်ရေ အိုး၊ စုံနဖာစိလို့ပါပဲ။ ဖျံတွေက ရေထဲမှာ ဘယ်နေရာ ငါးရှိလဲဆိုတာ ရေထဲငုပ် ကြည့်ပြီး တပ်လှန့်ပေး၊ လူက ဝါးလုံး ၂ ဖက် ထိုးထားတဲ့ ပိုက်နဲ့ဖမ်း၊ ဖျံ တွေကို ငါးလေး၊ ပုစွန် လေးချကျွေး၊ လှေနား ကပ်လာတဲ့ ဖျံရဲ့ လည်ပင်း ကို ကြိုးစွပ်ပြီး လှေပေါ်ဆွဲတင်၊ သူ တို့ကို မလိုသေးတဲ့အချိန်မှာ လှောင် အိမ်ထဲ ထည့်သွားနဲ့ အတော် စိတ်ဝင်စား စရာပဲ။ ဖျံရဲ့သွားချွန် တွေ ဟာလည်း ထက်တာမို့ ကိုက် မိရင် မလွယ်နိုင်။ ဖျံကျတယ်ဆိုတဲ့ စကား ကို အဲဒီမှာမှ နားလည်တာ။ ရေထဲ ကနေ အစာ တောင်းသံတွေ လည်း ဆူညံနေရောပဲ။ ဖျံတွေနဲ့ အပြိုင် အသံထွက် နေတာ က ကျွန်မတို့ အုပ်စု ပဲ။ တစ်ခါမှ မမြင်ဖူးတဲ့ မြင် ကွင်းဆိုတော့ ရိုက် လိုက်ကြတဲ့ မှတ် တမ်းတွေ။ တံငါသည်တွေကို လည်း ဟိုလို လုပ်ပေး ပါဦး၊ ဒီလို ဖမ်းပြပါဦးနဲ့ အစုံလုပ် ခိုင်းပြီးမှ အားနာ လို့ မုန့်ဖိုးတွေပေးကြနဲ့ပေါ့။အဲဒီတံငါသည်တွေနားကခွာ ပြီး ကျွန်မတို့ သင်္ဘောရပ်ထားတဲ့ ဆီ ဦးလှည့်လို့ စက်လှေ ထွက်ပြီး သိပ်မကြာခင် အနောက်က နေလိုက်ပြီး ခဏ နေဖို့တားတယ်။ဟိုး …ရှေ့မှာ ရေတပ်သင်္ဘောကြီး တစ်စီး ဖြတ်တော့မှာမို့ လှိုင်းရိုက်မှာစိုးလို့ လိုက်တား တာလေ။ ကျွန်မတို့ စက်လှေရပ် စောင့်တာ တောင် လှိုင်းအရှိန် တွေ ကြောင့် လူးနေ တာပဲ။ သင်္ဘာဆီပြန်ရောက်ချိန်မှာတော့ ဘန်ဂါလီလက်ရာ ငါး၊ပုစွန် ဟင်းတွေကို လက်နဲ့အားရ ပါးရ စားကြတာ ပျော်စရာ။ (ကျွန်မတို့အဖွဲ့ထဲမှာ UAE နိုင်ငံက သတင်းထောက်နှစ်ယောက်လည်း ပါသေးတယ်) ခရီးကြမ်းတွေ ကို ပျော်ရွှင် စရာအဖြစ် ဖြတ်သန်းပြီးချိန် မှာတော့ ကျွန်မတို့ အားလုံးရဲ့ ရင်းနှီးမှုက ဘင်္ဂလား ပင်လယ်အော်ထဲ စီးဝင်လာတဲ့ မြစ်ရေတွေ တစ်သားတည်းဖြစ်သွားသလို အကန့်အသတ် မရှိ ရောနှောဖလှယ်နိုင်ကြပြီ လေ။ နေ့လယ်စာ စားပြီး သွားတဲ့ ကျွန်မတို့လူသိုက် ထဲက ရှဖတ်(ဒူဘိုင်းမှ သတင်းထောက်)က ဘင်္ဂလားတော်ဝင် ကျားကို မတွေ့ ရသေးလို့ မချင့်မရဲဖြစ်ရင်း တကယ် လို့များ ကျားရဲ့ နေ့လယ်စာ ဟာ သူသာဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့နေရပ်က မိသားစုဆီကို ကျွန်မက ဓာတ်ပုံမှတ်တမ်း အဆင့်ဆင့်ကို ပို့ပေးနိုင်မယ်လို့ ယုံကြောင်းနဲ့ ကျွန်မ ရဲ့ ဓာတ်ပုံရိုက်လက်မြန်မှုကို သြဘာပေးကြပြန်တယ်။ လိုက်ပို့တဲ့ ဖာရုဒ်ကလည်း ကျားကလူကို ကိုက်သတ် တာအပြစ်မရှိကြောင်း ဒီခေတ်မှာ လူက ကျားကိုသတ်လျှင်သာ အပြစ် ရှိကြောင်းတို့ကို ရယ်ပွဲဖွဲ့မိကြလေ ရာ…။ ဒီဒေသကကျားတွေဟာ နွံ တောဖြစ်တာကြောင့် သားငါးရှားလို့ လူတွေကို သားကောင်လို့ထင် ကြတာ(ရေချိုရနိုင်မှု ခက်ခဲ တာ ကြောင့် ရေငန်စပ်တဲ့ ရေကိုသာ သောက်ခွင့်ရတာ)ကြောင့် စိတ် တိုလွယ်ကြတာ၊ ဆိုက်ကလုန်းကြောင့် သေတဲ့ သူတွေရဲ့ ရုပ်အလောင်း တို့တွေဟာ ကမ်းစပ်နား မျောပါ သောင်တင်ပါက ကျားတွေ ကပဲ စားသွားလေ့ရှိတာတွေကို ကြားရတော့မှ ငါတို့ သွားလေရာမှာ လက်နက်ကိုင် တောခေါင်းတွေ လိုက်ပါ နေတာဟာ ကျားလှန့်ဖို့ ဆိုတာကို သဘောပေါက်သွား တယ်။ သဘာဝအရင်း အမြစ်တွေ ရှားပါးတဲ့ သူတို့နိုင်ငံရဲ့ အရွယ် အစားက ကျွန်မတို့နိုင်ငံရဲ့ ငါးပုံ တစ်ပုံလောက်ပဲ ကျယ်ဝန်းပြီး လူဦးရေ ကျတော့ ကျွန်မတို့ထက် ၃ ဆ လောက် များတာဆိုတော့ ခက်ခဲမှုတွေကြားမှာ ရုန်းကန်ရပြီပေါ့။ ဒီအခါမှ ကျွန်မတို့နိုင်ငံရဲ့ ကံကောင်းခြင်းတွေ၊ အရင်းအမြစ် ချမ်းသာ ခြင်းတွေကို နှိုင်းယှဉ်မိတော့တယ်။ ကျွန်မတို့နိုင်ငံတွင်းမှာ နိုင်ငံတကာကလာပြီး ရင်းနှီးမြှုပ်နှံရင်ရရှိတဲ့ အကျိုးအမြတ်ကို နိုင်ငံခြားငွေဖြစ်အောင် ဖလှယ်လို့ရတဲ့ ကုန် ပစ္စည်းတွေ(သစ်၊ တွင်းထွက်၊ သဘာဝဓာတ်ငွေ့၊ စပါး)က အများကြီး။ သူတို့ဆီမှာက ဂုန်လျှော်၊ ဆန်၊ သရက်၊ လက်ဖက်၊ အာလူး၊ ငှက်ပျော တွေ ထွက်ပေမယ့် သူတို့ လူဦးရေအတွက် လောက်ငအောင် လုပ်ရဦးမှာလေ။ အထည်ချုပ်တွေကနေတော့ နိုင်ငံခြား ငွေဝင်ပါတယ်။ နိုင်ငံတကာက လည်း ဘင်္ဂလားဒေ့ရှ် ကို လက်တွဲခေါ်တာရော၊ လုပ်အားခ သက်သာတာ ကြောင့် ရော အဲဒီမှာ အထည်အပ်ပေးကြပါတယ်တဲ့။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်က နိုင်ငံခြား ငွေဝင်နိုင်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားတဲ့ ယဉ်ကျေးမှုတွေ၊ ဒီလိုဒီရေတော တွေနဲ့ ဆွဲဆောင်နေရပါပြီ။ ရှားပါး တဲ့ အရင်းမြစ်တွေနဲ့ ကြိုးစားနေရ တဲ့ သူတို့လို ဝီရိယ မျိုးနဲ့သာ ပေါများတဲ့ အရင်းအမြစ်တွေရှိတဲ့ ကျွန်မတို့ဆီမှာ ကြိုးစားရင်ဆိုတဲ့ အတွေးနဲ့အတူ မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင်ထိုင် အချိန်ဖြုန်း သလိုမျိုး ဘင်္ဂလားဒေ့ရှ်မှာ မတွေ့ ရတာတွေကို ပါသတိရမိလိုက် တယ်။ ဘင်္ဂလားဒေ့ရှ်မှာ မြစ်ပေါင်း (၃ဝဝ) ကျော်ရှိပြီး (၄၅)ခုက အိမ် နီးချင်းတွေနဲ့ မျှသုံးရတယ်ဆိုတော့ အိန္ဒိယနဲ့ မျှသုံးရတဲ့ ဂင်္ဂါမြစ်ရေ ပြဿနာကို အမှတ်ရမိပြန်ရော။ ဂင်္ဂါမြစ်အထက်မှာ ရှိနေတဲ့ အိန္ဒိယ က ရေရှားပါးချိန်မှာ မြစ်ကိုပိတ်ပြီး ရေကိုသုံး၊ မိုးများလာတဲ့ ရာသီမှာ ရေကိုလွှတ် ချတော့ အောက်ပိုင်းမှာ ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ကရေလွှမ်း ရော။ အကယ်၍သာ တစ်နိုင်ငံ တည်း အဖြစ်တည်ရှိနေရင် ဒီလို ပြဿနာတွေဖြစ်မှာ မဟုတ် လောက်။ ကိုလိုနီစနစ်ရဲ့ အမွေ အဖြစ် အိန္ဒိယကနေ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာဆိုပြီး သီးခြား နိုင်ငံတွေအဖြစ် ခွဲထွက်ရာ ကရ လာတဲ့ ရလဒ်တွေပဲလား။ ၁၁ ရာစုနှစ်တုန်း ကတော့ ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဓဘာသာ ဟာ နှစ် ပေါင်း(၄ဝဝ) လောက်တွင် ကျယ်ခဲ့ပါသတဲ့။ အဲဒီတုန်းက မင်းက ဗုဒ္ဓဘာသာ ကိုး ကွယ်ခဲ့တာ ကိုး။ ကျွန်မတို့က အနော်ရထာ၊ သူတို့က အနုရုဒ္ဓါ၊ ရာဇဌာနီ၊ ချစ်၊ သုဝဏ္ဏ ဘူမိစတဲ့ စကားလုံးတွေက အတူတူပါပဲတဲ့။ သူတို့နဲ့ကျွန်မတို့ တူတဲ့ စကားအသုံးတွေရှိ သလို မတူတဲ့ကံတွေ လည်းရှိရဲ့။ ကိုယ့် ကိုယ်ကိုယ် ကံကောင်းတဲ့ နိုင်ငံ သားအဖြစ် ဝမ်းသာရင်း ပိုကြိုးစား ရမယ်ဆိုတဲ့ အသိစိတ် သံမှိုတွေကို ခပ်နာနာရိုက်ဖြစ်ခဲ့ပါတယ်။ အဲဒီခရီးမှာ ရခဲ့တဲ့ဆူးခြစ် ရာတွေ၊ သွေးခြေဥ တာတွေ ပျောက် သွားပေမယ့် ဘယ် လိုမှ မေ့ပျောက် လို့ မရတဲ့ ဘန်ဂါလီ လူမျိုး တွေရဲ့ ဧည့်ဝတ်ကျေပွန်မှု၊ ရိုးသားမှု၊ သူတို့ ရဲ့ လှုပ်ရှားရုန်းကန်ရမှုတွေဟာ ကျွန်မ အတွေးထဲ အမြဲရှိနေမှာပါ။ ရှိနေ အောင် လည်း ကျွန်မသုံးတဲ့ ကွန်ပျူတာ တွေရဲ့ ဖန်သား နောက်ခံ ပုံတွေမှာသူတို့တွေ ကျွန်မကို လက် ပြနှုတ်ဆက်နေတဲ့ ပုံတွေကို တင် ထားတယ်။ ကျွန်မ ဧည့်ခန်းထဲက ဒစ်ဂျစ်တယ် ဓာတ်ပုံ ဘောင်ထဲမှာ လည်း အဲဒီခရီးမှာ ရိုက်ခဲ့တဲ့ပုံ တွေ ရဲ့ ဖိုင်ကိုထည့်ဖွင့်ထားတယ်။ သူ တို့ တွေရဲ့ ပုံတွေမြင်တိုင်း ငါဘာ ပြန်လုပ်ပေးနိုင် မလဲလို့လည်း စဉ်း စားမိတယ်။ လောလော ဆယ်တော့ ဆုတောင်းမေတ္တာ ပို့ရုံပေါ့။ အခွင့် အရေးရတဲ့ တစ်ချိန် ချိန် သာရှိခဲ့ရင် နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အလုပ် တွေလုပ်ရင်း ဒီ့ထက်ပိုတဲ့ ပဋ္ဌာန်းဆက် တွေ ဆက်နိုင် ပါစေလို့…
ငွေသော်တာ

Leave a reply

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>